အိပ်စက်တဲ့အချိန်မှာလုပ်နေမိတဲ့ ဒီအမှားတချို့ကြောင့် ဝိတ်တက်လာစေပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဝိတ်မတက်ချင်ဘူးဆိုရင် ဒီအမှားတွေကို မလုပ်မိအောင် သိထားဖို့လိုပါတယ်။

ညဉ့်နက်မှထစားတာ

ညဉ့်နက်မှထစားတာက ဝိတ်တက်စေတယ်ဆိုတာကို သိပြီးသားဖြစ်မှာပါ။ ညဘက်ကို နောက်ကျမှအိပ်ရင်တော့ ဗိုက်ဆာပြီးထစားမိမှာပါပဲ။ ဒါကြောင့် စောစောအိပ်တတ်တဲ့အကျင့်လေး လုပ်ထားပါ။

ညဘက်မှကော်ဖီသောက်တာ

ညဘက်မှကော်ဖီသောက်တာက အိပ်စက်ချိန်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဝိတ်လည်းပိုတက်စေပါတယ်။ ဒါကြောင့် တစ်ခုခုသောက်ချင်ရင်တော့ Herbal Tea တို့၊ ရေနွေးတို့ကိုသောက်ပါ။ ကောင်းစွာအိပ်ပျော်စေပါတယ်။

အိပ်ရေးဝဝမအိပ်တာ

လူတစ်ယောက်ရဲ့အိပ်စက်ချိန်က ၇ နာရီ၊ ၈ နာရီရှိရပါမယ်။ အဲ့လိုမဟုတ်ပဲ အိပ်စက်ချိန်နည်းတာ၊ အိပ်ရေးမဝတာတွေက ပိုပြီးဝိတ်တက်စေပါတယ်။

Exercise မလုပ်တာ

ဝိတ်ကျချင်ရင်၊ ဝိတ်မတက်ချင်ရင် Exercise ပုံမှန်လုပ်တဲ့အကျင့်လေး လုပ်ထားပါ။ ဒါမှ ဝိတ်မတက်မှာပါ။

နောက်ကျမှအိပ်ယာထတာ

နောက်ကျမှအိပ်ပြီး နောက်ကျမှအိပ်ယာထတာ၊ အမြဲတမ်း အိပ်ယာထနောက်ကျပြီး အိပ်ရေးအဝလွန်အောင်အိပ်တာတွေကလည်း ဝိတ်တက်စေပါတယ်။ ညဆိုပုံမှန် စောစောအိပ်၊ မနက်ပုံမှန် စောစောထ၊ အိပ်ယာနိုးတာနဲ့ လေကောင်းလေသန့် ၅ မိနစ်ရှူပေးပါ။ ဒါဆိုရင် ကျန်းမာရေးလည်း ကောင်းပြီး ဝိတ်လည်းမတက်စေပါဘူး။

Source: www. brightside.me