ချွေးအရမ်းထွက်ရင် ချွေးနံ့နံလာတာ၊ ကိုယ်နံ့နံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် Body Care ကို သေချာလုပ်ပေးသင့်ပါတယ်။ ဒါ့အပြင် ချွေးနံ့နဲ့ကိုယ်နံ့နံတာမျိုးမဖြစ်အောင် ပုံမှန်သုံးပေးသင့်တဲ့ Beauty Product (၅) မျိုးကိုလည်း ပြောပြပေးလိုက်ပါတယ်။

Shower Gel

ချွေးနံ့နဲ့ကိုယ်နံ့နံတတ်တဲ့သူတွေက Shower Gel သုံးပေးတာ ပိုကောင်းပါတယ်။ ရိုးရိုးဆပ်ပြာခဲထက်ပိုပြီး အနံ့စွဲစေပါတယ်။ ဒါကြောင့် ရေချိုးတဲ့အခါမှာ Shower Gel ကိုပဲ သုံးပေးပါ။

Lotion

ကိုယ်သင်းနံ့ကောင်းစေဖို့ Lotion ပုံမှန်လိမ်းပေးဖို့လည်း လိုပါတယ်။ ဒါမှ အသားအရေလည်းစိုပြည်ပြီး ကိုယ်သင်းနံ့လည်း မွှေးနေမှာပါ။

Deodorant

ချွေးနံ့နဲ့ကိုယ်နံ့နံတတ်တဲ့သူတွေ၊ ဂျိုင်းချွေးနံ့နံတတ်တဲ့သူတွေက Deodorant ကောင်းကောင်းတစ်ခုကို ပုံမှန်သုံးပေးပါ။ Deodorant မသုံးရင် အနံ့မထိန်းနိုင်တဲ့အတွက် ချွေးနံ့ပိုထွက်စေပါတယ်။

ရေမွှေး

ချွေးနံ့နဲ့ကိုယ်နံ့နံတာမျိုးမဖြစ်အောင် ပုံမှန်သုံးပေးသင့်တာကတော့ ရေမွှေးပါပဲ။ ရေမွှေးအနံ့ကောင်းတာတစ်ခုကို စွဲသုံးပေးမယ်ဆိုရင်တော့ ကြာလာတဲ့အခါမှာ အဲ့ရေမွှေးနံ့က ကိုယ့်ရဲ့ ကိုယ်သင်းနံ့လိုမျိုးလေး ဖြစ်သွားပါတယ်။ ကိုယ်ဖြတ်လျှောက်သွားတိုင်းမှာလည်း ရေမွှေးနံ့လေး ကျန်နေခဲ့ပါလိမ့်မယ်။

Body Scrub

ခန္ဓာကိုယ်က အညစ်အကြေးနဲ့ အဆိပ်အတောက်တွေများနေရင်လည်း ကိုယ်နံ့နံတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အသားအရေကြည်လင်ပြီး ခန္ဓာကိုယ်က အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပစ်ဖို့ Body Scrub ပုံမှန်လုပ်ပေးဖို့ လိုပါတယ်။