အလှပြင်ဖို့ အချိန်မပေးနိုင်တဲ့သူတွေဆီမှာ ရှိထားသင့်တဲ့ Beauty Product 5 မျိုးကို ပြောပြပေးလိုက်ပါတယ်။ မှန်ရှေ့ထိုင်ပြီး အကြာကြီးအလှပြင်နေဖို့ အချိန်မပေးနိုင်တဲ့သူတွေ၊ ဘာလုပ်လုပ် အမြဲနောက်ကျနေတတ်တဲ့ သူတွေနဲ့ အိပ်ယာထနောက်ကျတတ်တဲ့ သူတွေအတွက် အမြဲလှနေစေဖို့ အသုံးဝင်မယ့်အရာတွေပါပဲ။

Cushion

Foundation တွေလိမ်းနေရင် မိတ်ကပ်ကို ညီအောင်လိမ်းနေရမှာပါ။ ဒီတော့ အချိန်မရှိရင် Cushion သုံးပါ။ Cushion က ကားပေါ်မှာထုတ်လိမ်းတောင် အဆင်ပြေတဲ့အတွက် မြန်မြန်လေး ပုတ်လိမ်းလိုက်ရုံနဲ့ အချိန်ကုန်သက်သာပြီး မိတ်ကပ်သားလည်း ညီပါတယ်။

နှုတ်ခမ်းနီ

မိန်းကလေးတစ်ယောက်က ဘာမှမပြင်ဆင်ထားရင်တော့ နှုတ်ခမ်းနီလေးဆိုးလိုက်ရင် လှနေပါပြီ။ ဒါ့အပြင် နှုတ်ခမ်းနီတစ်ချောင်းရှိရုံနဲ့ လက်လေးနဲ့ပဲ Eyeshadow လည်းခြယ်လို့ရသလို၊ ပါးနီလည်း ခြယ်လို့ရပါသေးတယ်။ ဒါကြောင့် နှုတ်ခမ်းနီ အရောင်လှလှလေးတွေသာ ဆောင်ထားပါ။ ဘယ်နေရာရောက်ရောက် အလွယ်တကူ ထုတ်ပြင်လို့ရပါတယ်။

Mascara

Mascara ဆောင်ထားရင် အလွယ်တကူ မျက်တောင်ကော့လို့လည်း ရတဲ့အပြင် မျက်ခုံးမွှေးဆွဲဖို့ အချိန်မရှိရင်တောင် Mascara နဲ့ မျက်ခုံးမွှေးကို ဖြီးပေးလိုက်ရင် ပုံမှန်ထက်ပိုထင်းပြီး ပေါ်လွင်သွားပါပြီ။

Dry Shampoo

တစ်ခါတစ်လေ မအားတဲ့အခါမှာ ခေါင်းလျှော်ဖို့ အချိန်မရှိတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ခေါင်းလျှော်ဖို့ တကူးတက အချိန်ပေးနေစရာမလိုအောင် Dry Shampoo ကိုသာ ဆောင်ထားလိုက်ပါ။ Dry Shampoo မရှိရင် Baby Powder ကို Dry Shampoo အဖြစ်နဲ့ သုံးလို့ရပါတယ်။

ရေမွှေး

အလှမပြင်ထားရင်တောင်မှ ကိုယ့်အနားက မွှေးတဲ့အနံ့လေးတစ်ခုခုရနေရင် ဆွဲဆောင်မှုတစ်ခုပါပဲ။ ဒါကြောင့် ရေမွှေးပုလင်းအသေးလေးတွေ အိတ်ထဲဆောင်ထားပြီး ထုတ်သုံးလို့ရပါတယ်။