မိတ်ကပ်လိမ်းတယ်ဆိုရင် foundation တစ်ခုထဲရှိလို့ မရပါဘူး။ မိတ်ကပ်သားပိုလှအောင်၊ ကြာရှည်ခံအောင်၊ အသားအရောင်ညီအောင် တခြားပစ္စည်းတွေလည်း သုံးပေးဖို့လိုပါတယ်။ အများကြီးလည်း မလိုပါဘူး။ မိတ်ကပ်လိမ်းတဲ့ မိန်းကလေးတိုင်းမှာ ဒီပစ္စည်း ၅ မျိုးရှိရင် လုံလောက်ပါပြီ။

Makeup brush

မိတ်ကပ်လိမ်းပြီဆိုရင် လက်နဲ့လိမ်းတာက မိတ်ကပ်သားလုံးဝမလှပါဘူး။ ဟိုနားကွက်ဖြူ၊ ဒီနားကွက်ဖြူနဲ့ ညီလည်းမညီပါဘူး။ ဒါကြောင့် makeup brush နဲ့ သေချာလိမ်းပေးမှ မိတ်ကပ်သားညက်ပြီး လှနေမှာပါ။

Makeup sponge

Makeup brush မသုံးချင်ရင် makeup sponge သုံးပေးလည်းရပါတယ်။ နှစ်မျိုးလုံးရှိတော့ ပိုကောင်းတာပေါ့။ တချို့နေရာတွေ၊ မျက်လုံးအောက်နားတွေ၊ ထောင့်တွေကျတော့ makeup spong က အချွန်နေရာလေးနဲ့လိမ်းပေးရင် ပိုအဆင်ပြေပါတယ်။

Primer

မိတ်ကပ်လိမ်းမယ်ဆိုရင် primer ကိုပါ တစ်ခါထဲဝယ်ဖို့မမေ့ပါနဲ့။ အောက်ခံမိတ်ကပ် foundation မလိမ်းခင်မှာ primer ခံလိမ်းပေးမှ မိတ်ကပ်သားကြာရှည်ခံပြီး ပိုလှမှာပါ။ primer မလိမ်းပဲ foundation တန်းလိမ်းမယ်ဆိုရင်တော့ အချိန်ကြာလာရင် မျက်နှာမဲလာတာမျိုး၊ မိတ်ကပ်ကွက်တာမျိုးတွေ ဖြစ်လာပါတယ်။

Concealer

မျက်နှာအသားအရောင်ညီစေဖို့၊ မျက်ကွင်းညိုတာ၊ အမဲစက်တွေ၊ ဝက်ခြံတွေ ဖုံးဖို့အတွက် concealer လိုပါတယ်။ concealer သုံးမှ မျက်နှာက လင်းသင့်တဲ့နေရာလင်းပြီး ပိုကြည့်လို့လှမှာပါ။

Setting powder

မိတ်ကပ်သားမရွေ့စေဖို့နဲ့ ချွေးထွက်ရင်တောင် အကုန်ပျက်ကုန်တာမျိုး မဖြစ်စေဖို့၊ မိတ်ကပ်သား သိပ်သိပ်ညက်ညက်လေး ဖြစ်နေစေဖို့အတွက် နောက်ဆုံးမှာ setting powder သုံးပေးရပါမယ်။ setting powder သုံးတဲ့အခါမှာလည်း makeup brush တွေထဲက powder brush နဲ့ သုံးပေးပါ။