ဆံပင်ရှည်တဲ့သူဟာ ဆံပင်ကိုအမျိုးမျိုးပြင်ဆင်လို့ရပါတယ်။ ဆံပင်တိုတဲ့သူတွေလည်း ပြင်လို့ရပေမယ့် တချို့ဆံပင်ပြင်ဆင်ပုံလေးတွေကျတော့ ဆံပင်တိုတဲ့သူတွေပြင်ရင်သိပ်မလှပါဘူး။ ခါးလောက်ထိဆံပင်ရှည်နေမှ ပြင်လို့လှတဲ့ ဆံပင်ပုံစံလေးတွေလည်း ရှိပါတယ်။ ဒါကြောင့် ခါးလောက်ထိဆံပင်ရှည်တဲ့ ကောင်မလေးတွေအတွက် အရမ်းလှပတဲ့ဆံပင်ပြင်ဆင်ပုံ (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

ဆံပင်ခါးလောက်ထိရှည်ရင် ဆံပင်ကိုအလိပ်ကြီးကြီးလေးကောက်ရင် အရမ်းလှပါတယ်။ ဒီလိုဆံပင်အကောက်လေးတွေကျတော့ ဆံပင်အုံထူတဲ့သူဆိုရင်လည်း အရမ်းလှသလို၊ ဆံပင်ပါးတဲ့သူဆိုရင်လည်း ဆံပင်အုံထူသလို ဖြစ်သွားစေပါတယ်။

ဆံပင်ကို ကျစ်ဆံမြီးတစ်ဝက်လေးလည်း ကျစ်လို့ရပါသေးတယ်။ ကျစ်ဆံမြီးတစ်ဝက်ကျစ်တာကျတော့ ဆံပင်ရှည်လေလှလေပါပဲ။ ဆံပင်လေးအရောင်ဆိုးထားရင် ပိုတောင်လှပါသေးတယ်။ ဒီလိုဆံပင်ပြင်ဆင်ပုံလေးဆိုရင် မြန်မာအင်္ကျီလေးတွေနဲ့လည်း လိုက်ဖက်သလို၊ တခြားဖက်ရှင်လေးတွေနဲ့လည်း လိုက်ဖက်ပါတယ်။

ကျစ်ဆံမြီးကို ထိပ်ကနေယူပြီးကျစ်တာကလည်း ဆံပင်တော်တော်ရှည်မှ ကျစ်လို့ကောင်းတာပါ။ ဆံပင်တိုရင် ဆံစတွေထွက်တတ်ပါတယ်။ ဒါကြောင့် ဆံပင်ရှည်လေ ပြင်လို့ကောင်းလေပါပဲ။ ဒီဆံပင်ပြင်ဆင်ပုံလေးဆိုလည်း ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်ပါတယ်။ Festival ပွဲတွေနဲ့လည်း အရမ်းလိုက်ဖက်ပါတယ်။

ဆံပင်ကိုအကုန်စုပြီး ကျစ်ဆံမြီးကျစ်ရင်လည်း ရိုးရိုးကျစ်တာက သိပ်မလှပါဘူး။ ကျစ်ဆံမြီးအကြီးတွေကျစ်တာက အရမ်းလှပြီးကျက်သရေလည်း ရှိပါတယ်။ နောက်ပြီး ဒီလိုဆံပင်ပုံစံမျိုးက အဝတ်အစားလည်းမရွေးတော့ မိန်းကလေးတိုင်းသဘောကျမယ်လို့ ထင်ပါတယ်။

ဆံပင်ကိုဒီတိုင်းလေးချပြီး ထိပ်ကနေဘီးကုတ်လေးပန်ထားသလို ကျစ်ဆံမြီးကျစ်တာကလည်း မျက်နှာလေးရှင်းပြီး လှပနေစေပါတယ်။ မိန်းကလေးတိုင်းနဲ့လည်း လိုက်ဖက်တဲ့ဆံပင်ပုံစံလေးပါ။ ဆံပင်ရှည်ရင် ပိုကျစ်လို့ကောင်းပါတယ်။ ဒါကြောင့် ဆံပင်ကိုအမျိုးမျိုးပြင်လို့ရအောင် ဆံပင်အရှည်လေးတွေ ထားကြနော်။

Source: www.pinterest.com