ဆံပင်အရောင်ဆိုးထားတဲ့ long hair လေးတွေအတွက် ကပိုကယိုလေးနဲ့ လှနေစေမယ့် hairstyle 5 မျိုး ပြင်ဆင်နည်းကို မျှဝေပေးလိုက်ပါတယ်။ ဆံပင်ကို အမြဲတမ်း ဖားလျားချလိုက်၊ စုစည်းလိုက်နဲ့ လုပ်မယ့်အစား ဒီလိုမျိုးလေးတွေလည်း ပြင်ဆင်ကြည့်ပါ။

Hairstyle 1

ပထမဆုံး hairstyle ကတော့ လွယ်ပါတယ်။ ဆံပင်ကို တစ်ဝက်ယူပြီး လက်လေးနဲ့လိမ်ကာ ဆံထုံးလို အဝိုင်းလေးထုံးလိုက်ပါ။ ပြီးရင်တော့ ကလစ်လေးထိုးလိုက်ရုံပါပဲ။ ဒီ hairstyle လေးက ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်ပြီး ကပိုကယိုလေးနဲ့ လှနေစေပါတယ်။

Hairstyle 2

ဆံပင်ကို ခေါင်းစည်းကြိုးအမဲနဲ့ စုစည်းပြီး ပုဝါကို ခေါင်းစည်းကြိုးထဲထည့်ပြီး ပုံမှာပြထားသလို ကျစ်ဆံမြီးကျစ်ပေးရမှာပါ။ အောက်အထိမကျစ်ပဲ တစ်ဝက်လောက်ပဲ ကျစ်ပေးပါ။ တစ်မျိုးလေးဆန်းပြီး လှသွားမှာ သေချာပါတယ်။

Hairstyle 3

ဆံပင်ကိုစုစည်းပြီး ပုံမှာပြထားတဲ့အတိုင်း အထဲကိုလိပ်လိုက်ပါ။ ဆံပင်အောက်နားနည်းနည်းကို ချန်ထားပြီး ကျစ်ဆံမြီးကျစ်ပါမယ်။ ပြီးရင် ချည်ထားတဲ့နေရာမှာ ပြန်ပတ်ပြီး ကလစ်နဲ့ထိုးလိုက်ရုံပါပဲ။ လူကြီးမဆန်ပဲ ကပိုကယိုလေးနဲ့လှနေမယ့် ဆံထုံးပုံစံလေးပါ။

Hairstyle 4

ဆံပင်ကိုတစ်ဝက်စည်းပြီး အလယ်ကိုဖြဲကာ စည်းထားတဲ့ ဆံပင်ကိုလှန်ထည့်ပါ။ ပြီးရင်တော့ ဆံစလေးတွေကို ပွပွလေးဖြစ်အောင် နည်းနည်းစီဆွဲထုတ်ပေးပါ။ ဒါဆိုရင် ကပိုကယိုလေးဖြစ်ပြီး ပိုလှပါတယ်။

Hairstyle 5

ဆံပင်အကုန်စုစည်းပြီး ဆံစနည်းနည်းလေးကိုယူကာ ခေါင်းစည်းကြိုးနေရာမှာ ပြန်ပတ်ပါ။ ပြီးရင်တော့ ကျစ်ဆံမြီးကျစ်ပြီး ပွပွလေးဖြစ်အောင် ဆံစတွေကို ဆွဲဆွဲပေးပါ။ ပြီးမှ အောက်မှာ ခေါင်းစည်းကြိုးအလှနဲ့ ပြန်စည်းပါ။ ဒါဆိုရင် မြင်နေကျပုံစံတွေနဲ့မတူပဲ ကပိုကယိုလေးနဲ့လှတဲ့ hairstyle လေးကို ရရှိသွားပါပြီ။