ခေါင်းခဏခဏလျှော်တာက ကျန်းမာရေးထိခိုက်သလို ကိုယ့်ဆံသားအတွက်လည်း ဆိုးကျိုးတွေ ရစေပါတယ်။ အကောင်းဆုံးကတော့ ၅ ရက် ၁ ခါပဲလျှော်တာ ကောင်းပါတယ်။ ခေါင်းချွေးအရမ်းထွက်လို့ လျှော်ချင်တယ်ဆိုရင်လည်း တစ်ပတ် ၂ ကြိမ်ပဲ လျှော်ပါ။ အဲ့လိုမဟုတ်ပဲ တစ်ပတ် ၂ ကြိမ်ထက်ပိုပြီး ခေါင်းလျှော်နေမယ်ဆိုရင်တော့ ဒီလိုဆိုးကျိုး ၅ ခု ဖြစ်လာပါလိမ့်မယ်။

ဆံပင်ကျွတ်ခြင်း

တစ်ပတ် ၂ ကြိမ်ထက်ပိုပြီး ခေါင်းခဏခဏလျှော်မယ်ဆိုရင်တော့ ဆံပင်တွေအရင်ထက် ပိုပြီး သိသိသာသာကို ကျွတ်လာမှာပါ။ ခေါင်းလျှော်တိုင်းမှာလည်း ဆံပင်ကျွတ်မယ်၊ ခေါင်းဖြီးလိုက်တိုင်းမှာလည်း ဆံပင်တွေကျွတ်နေမှာပါ။ တချို့ဆိုရင် သူထိုင်သွားတဲ့နေရာက ဆံပင်တွေ ကျန်ခဲ့တာမျိုးအထိကို ဖြစ်ပါတယ်။ ဆံပင်တွေကျွတ်တာများလာတော့ အရင်ထက် ဆံပင်တွေ ပိုပြီးပါးလာမှာပါ။

လိုအပ်တဲ့အဆီဓာတ်ဆုံးရှုံးခြင်း

ခေါင်းခဏခဏလျှော်တော့ ဆံသားနဲ့ ဦးရေပြားအတွက် လိုအပ်တဲ့ အဆီဓာတ်တွေ ဆုံးရှုံးပြီး ဆံပင်တွေ ဖွာလာမယ်၊ ဦးရေပြားခြောက်သွေ့ပြီး ဗောက်ထလာမယ်၊ ဦးရေပြားက လိုတာထက် အဆီပိုထုတ်ပြီး ခဏလေးနဲ့ ဆံပင်စေးကပ်ကုန်တာမျိုးတွေလည်း ဖြစ်လာပါတယ်။

ဆံပင်နှစ်ခွဖြစ်ခြင်း

ခေါင်းခဏခဏလျှော်တော့ ကြာလာတဲ့အခါမှာ ဆံပင်တွေပျက်စီးပြီး အဖျားနှစ်ခွတွေဖြစ်လာမယ်။ ဆံပင်တွေ ပျက်ထွက်တာမျိုးတွေလည်း ဖြစ်လာမယ်၊ အရက်ထက်လည်း ဆံပင်တွေ ပိုပျက်စီးသလို ဖြစ်သွားပါလိမ့်မယ်။

ဆံပင်ရှုပ်ထွေးခြင်း

ခေါင်းခဏခဏလျှော်တဲ့အခါမှာ ဆံသားအတွက်လိုအပ်တဲ့ အဆီဓာတ်တွေ ဆုံးရှုံးပြီး ဆံပင်တွေဖွာပြီး ပျက်စီးသွားတဲ့အတွက် ပုံမှန်ထက် ဆံသားရှုပ်ထွေးတာ၊ ငြိတာတွေလည်း ဖြစ်လာပါမယ်။ ဆံသားရှုပ်ထွေးရင် ခေါင်းဖြီးတဲ့အခါ ရှင်းရခက်ပြီး ဆံပင်ကျွတ်တာတွေ ပိုဖြစ်လာပါတယ်။

ခေါင်းခဏခဏကိုက်ခြင်း

ခေါင်းခဏခဏလျှော်တာက ကျန်းမာရေးကို ထိခိုက်စေပါတယ်။ အထူးသဖြင့် ဦးခေါင်းနဲ့ပတ်သက်တာပါ။ ခေါင်းခဏခဏကိုက်ပြီး ဦးခေါင်းနဲ့သက်ဆိုင်တဲ့ ရောဂါတွေဖြစ်လာမှာကိုလည်း စိုးရိမ်ရပါတယ်။

ဒါကြောင့် ခေါင်းခဏခဏလျှော်တာကို ဆင်ခြင်ရပါမယ်။ အရမ်းလျှော်ချင်ရင်တောင် တစ်ပတ် ၂ ကြိမ်ထက် ပိုမလျှော်ပါနဲ့။