မင်္ဂလာပါနော်။ အထိုင်များပြီး ခါးညောင်းတတ်သူတွေ၊ ကြွက်သားတွေ နာကျင်တတ်တဲ့သူတွေ၊ ညောင်းညာကိုက်ခဲနေသူတွေအတွက် အရမ်းအဆင်ပြေစေမယ့် လေ့ကျင့်ခန်းကို မျှဝေပေးချင်ပါတယ်။ နှိပ်ထားသလိုပဲ ခံစားရစေပြီးအညောင်းအညာပြေစေမယ့် လေ့ကျင့်ခန်းပါ။

၁။ Chair Twist

ခါးနာတာနဲ့ အစာချေစနစ်ကောင်းမွန်လာဖို့ဖြစ်ပါတယ်။

အရင်ခုံးခုံမှာ ဘေးစောင်းလေးထိုင်လိုက်ပါ။ ပြီးရင် အသက်ကို ပြင်းပြင်းရှုပါ။ လက်နှစ်ဖက်ကို ခုံကျောမှီမှာကိုင်ထားပြီး ခါးကို လှည့်လိုက်ပါ။ အသက်ကို ပြန်ရှုထုတ်ပါ။ အဲဒီအတိုင်းပဲ အသက်ကို ရှုထုတ်လိုက် သွင်းလိုက် ၅ ကြိမ်လုပ်ပါ။ ပြီးရင် ကျန်တစ်ဖက်ကို ပြောင်းပါ။ တစ်ဖက်ဆီကို ၃ ကြိမ်လုပ်ရပါမယ်။

၂။ Butterfly Wings

လည်ပင်း၊ ကျောရိုး နဲ့ သွေားလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။

အရင်ဆုံး ခုံပေါ်မှာထိုင်ပြီးခန္ဓာကိုယ်ကို မတ်မတ်နေပါ။ လက်နှစ်ဖက်ကို အနောက်ဖက်မှာအခုလိုကပ်ထားပါ။

ခြေထောက်နှစ်ဖက်ကို နည်းနည်းလေး ကားထားပါ။ ပြီးရင် အသက်ရှုလိုက်ပြီး ဆန့်နိုင်သလောက် ဆန့်လိုက်ပြီး ရင်ဘက်ကို အရှေ့ဘက်ကြွကာ အသက်ရှုထုတ်လိုက်ပါ။ ပြီးရင် စောစောကလိုပြန်နေပြီး ရင်ဖက်ကို အရှေ့ဖက် ငိုက်လိုက်ပါ။ အခုပုံမှာပြထားသလိုဖြစ်ပါတယ်။ ပြီးရင်အသက်ပြန်ရှုလိုက်ပါ။ ၅ ကြိမ်လောက်လုပ်ပါ။ တကယ်လို့ ဒီလိုလုပ်နေလို့ နာနေရင်ဆက်မလုပ်ပါနဲ့။

၃။ Cat Cow

ခါးနာတာသက်သာဖို့နဲ့ ကိုယ်ဟန်အနေအထားမှန်လာဖို့။

အရင်ဆုံး ခုံမှာထိုင်နေလိုက်ပါ။ ခါးကို မတ်မတ်ထားပါ။ ပြီးရင် လက်နှစ်ဖက်ကို ပေါင်ပေါ်တင်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်းရှုသွင်းပါ။ ပြီးရင် ပုခုံးကို ကိုင်းလိုက်ကာ ခေါင်းကို အောက်ငိုက်စိုက်လိုပ်ပြီး အသက်ရှုထုတ်လိုက်ပါ။ ပြီးရင်စောစောကလို ပြန်နေပြီးထပ်လုပ်ပါ။ ၈ ကြိမ်လုပ်ပေးရပါမယ်။

၄။ Side Bend

သွေးလည်ပတ်မှုကောင်းမွန်ဖို့နဲ့ ဝမ်းဗိုက်က ကြွက်သားတွေ၊ ရင်ဘတ်က ကြွက်သားတွေ အညောင်းအညာပြေဖို့ဖြစ်ပါတယ်။

ခုံးမှာ ခါးမတ်မတ်နဲ့ထိုင်ပါ။

ပြီးရင်လက်တစ်ဖက်ကို ခုံအထိုင်မှာကိုင်ထားပြီး လက်တစ်ဖက်ကို အပေါ်မြောက်ကာ ခန္ဓာကိုယ် ဘေးကို တန်းတန်းလေး ကိုင်းချပေးပါ။ အသက်ကို ပုံမှန်လေးပဲရှုပါ။ တစ်ဖက်ကို ၁၀ ကြိမ်ဆီလုပ်ပေးပါ။

၅။ Chair Pigeon

သက်သောင့်သက်သာဖြစ်ဖို့နဲ့ ပေါင်သားနဲ့ ခါး အညောင်းအညာပြေစေဖို့

အရင်ဆုံး ခုံမှာထိုင်ပြီး ခြေထောက်တစ်ဖက်ကို တစ်ဖက်ပေါင်ပေါ် အခုပုံမှာပြထားသလို တင်လိုက်ပါ။ ခါးကိုမတ်မတ်ထားပြီးအဲဒီအတိုင်း စက္ကန့် ၃၀ နေပါ။ ပြီးရင် ခန္ဓာကိုယ်ကို အရှေ့ကိုင်းလိုက်ပါ။ အသက်ပြင်းပြင်းရှုသွင်းလိုက် ထုတ်လိုက်လုပ်ပါ။ ခြေထောက်တစ်ဖက်ပြောင်းပါ။ ခြေထောက်တစ်ဖက်ချင်းစီကို ၃ ကြိမ်လုပ်ပေးပါ။

Source: www.brightside.me