Ayurvedic အချိုရည်ဆိုတာက ဝမ်းဗိုက်အဆီလောင်ကျွမ်းစေဖို့နဲ့ အစာစားချင်စိတ်ကို သက်သာစေပြီး ဇီဝဖြစ်ပျက်မှုကို အရှိန်မြှင့်ဖို့ ကူညီပေးတာကြောင့် ကိုယ်အလေးချိန်လျှော့ချသူများ သောက်သုံးသင့်တဲ့ အချိုရည်ပါ။

Triphala

အသီးသုံးမျိုးပေါင်းစပ်ထားတဲ့ Triphala က က ဆေးဖက်ဝင်တာကြောင့် ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များကို သန့်စင်ပေးနိုင်သလို Antioxidants အများကြီးပါတာမလို့ ဝမ်းချုပ်ခြင်းကနေ ကာကွယ်ပေးကာ ဝမ်းဗိုက်အဆီများကိုလည်း လျော့ကျစေပါတယ်။

Amla

အိန္ဒိယဆီးဖြူသီးလို့လည်း လူသိများတဲ့ Amla ဟာ ကျန်းမာရေး၊ ဆံပင်နဲ့ အရေပြားဆိုင်ရာ အကျိုးကျေးဇူးတွေ အများကြီးရှိတာမလို့ ဝိတ်ချလိုသူတွေ သောက်သုံးသင့်တဲ့ ဖျော်ရည်ပါ။

Guggul

Guggul ဆိုတာက ကိုလက်စထရောကျစေတဲ့ သဘာဝဆေးဖက်ဝင်ပင်ဖြစ်တာမလို့ အဆီလောင်ကျွမ်းဖို့နဲ့ ဗိုက်အဆီကျစေဖို့ မနက်ခင်း ဒါမှမဟုတ် ညဘက်မှာ ရေနဲ့ပြုတ်ပြီး သောက်သုံးနိုင်ပါတယ်။

Coriander Seed

ဆီးချိုရောဂါကို ထိန်းချုပ်ဖို့အတွက် နံနံစေ့ရေကို စမ်းကြည့်နိုင်သလို မ်းဗိုက်အဆီလောင်ကျွမ်းစေဖို့အတွက်လည်း နံနံစေ့ရေကို သောက်လို့ရပါတယ်။

Ayurveda

Ashwagandha အမြစ် ၃-၄ ပင်ကို ရေမှာ ၁၅ မိနစ်ကနေ မိနစ် ၂၀ ခန့်ပြုတ်ပါ။ ခွက်တစ်ခုထဲ ရေကိုညှစ်ပြီး ပျားရည်ထည့်မွှေပြီး သောက်ပါ။ ရလဒ်အနေနဲ့ စိတ်ဖိစီးမှုအဆင့်၊ သွေးရည်ကြည်ကော်တီဆောအဆင့်နဲ့ အစာစားချင်စိတ်ကို ထိန်းချုပ်နိုင်သလို ကိုယ်အလေးချိန်လည်း ကျသွားပါလိမ့်မယ်။