မင်္ဂလာပါ… ပျိုမဒီတို့ရေ.. လှလှလေးဆိုးထားတဲ့နှုတ်ခမ်းနီက ဘယ်လိုမိတ်ကပ်နဲ့မဆို ရင်သပ်ရှုမောပြီး ဆွဲဆောင်မှုရှိစေနိုင်ပါတယ်။ ဒါပေမယ့် ချစ်သူရဲ့အင်္ကျီပေါ်မှာ နှုတ်ခမ်းနီအစွန်းအထင်းတွေ ပေကုန်ရင်တော့ ပြဿနာပဲနော် ။ နှုတ်ခမ်းနီအများစုက အလွယ်တကူပေတတ်တာမလို့ အဝတ်အစားကို အရောင်စွန်းသွားနိုင်ပါတယ်။

ဒါကြောင့် အင်္ကျီပေါ်မှာ နှုတ်ခမ်းနီအစွန်းအထင်းတွေ ဖြစ်ခဲ့ရင်တောင် အရောင်စွန်းတာတွေမဖြစ်အောင် ကာကွယ်နိုင်ဖို့ နည်းလမ်းလေးတွေ ဝေမျှလိုက်ပါတယ်နော်။

Lip Liner သုံးပါ

နှုတ်ခမ်းနီကို သိသာထင်ရှား‌စေတဲ့ နည်းလမ်းကောင်းတွေထဲက တစ်ခုက နှုတ်ခမ်းနီမဆိုးခင် Lip Liner ကို သုံးတာပါ။ Lip Liner က ယေဘူယျအားဖြင့် အနည်းငယ်ခြောက်သွေ့တာမလို့ ထိမိရင်တောင် နှုတ်ခမ်းနီပေတာကို မဖြစ်စေဘဲ နှုတ်ခမ်းပုံသဏ္ဍာန်ကိုလည်း ပေါ်လွင်စေပါတယ်။

Lip Primer သုံးပါ

Lip Primer ရဲ့ ဖော်မြူလာက ညီညာပြီး အပြစ်အနာအဆာကင်းတဲ့အောက်ခံကို ဖန်တီးပေးပါတယ်။ ဒါကြောင့် နှုတ်ခမ်းနီဆိုးတဲ့အခါ အဝတ်အစားတွေမှာ စွန်းပေးမှုကို လျော့ချပေးနိုင်ပါတယ်။

Blot လုပ်ဖို့မမေ့ပါနဲ့

နှုတ်ခမ်းနီဆိုးပြီးရင် သန့်ရှင်းတဲ့ တစ်ရှူးစက္ကူ တစ်ခုကိုယူပြီး နှုတ်ခမ်းနှစ်ခုနဲ့ ညှပ်လိုက်ပါ ။ ဒီလိုလုပ်ပေးရင် နှုတ်ခမ်းနီက အနည်းငယ်ခြောက်သွားတာမလို့ အဝတ်အစားတွေမှာပေဖို့အခွင့်အလမ်း နည်းပါးသွားပါတယ်။

Powder Up လုပ်ပေးပါ

အလှပြင်ပြီးလို့ နောက်ဆုံးနှုတ်ခမ်းနီဆိုးပြီးရင် Setting Power ကို Brush တစ်ခုနဲ့ယူပြီး နှုတ်ခမ်းနီအပေါ်ကနေ သုံးပေးပါ ။ ဒါက နှုတ်ခမ်းနီရဲ့အစိုဓာတ်ကို လျော့ပါးစေအောင် ကူညီပေးပါတယ်။

Foundation သုံးပါ

တကယ်လို့များ Lip Liner တို့ Lip Primer တို့မရှိတဲ့အချိန်မျိုးမှာ Lip Liner တို့ Lip Primer တို့အစား Foundation ကို သုံးလို့ရပါတယ်။

ဒါဆိုရင်တော့ နှုတ်ခမ်းနီကြောင့် အဝတ်အစားတွေ ပျက်စီးမှာကို စိုးရိမ်စရာမလိုပါဘူး။

Source:stylecraze