သံလွင်ဆီဟာ ဆံပင်အတွက်သာမကဘဲ အသားအရေလှပဖို့အတွက်ပါ အရမ်းကိုကောင်းကျိုးပေးတယ်ဆိုတာကို တော်တော်များများလည်း သိပြီးသားဖြစ်မှာပါ။ ဒါကြောင့် လှပတဲ့မျက်နှာအသားအရေလေးကို ပိုင်ဆိုင်ချင်တဲ့ပျိုမေတို့အတွက် သံလွင်ဆီနဲ့ပေါင်းတင်လို့ရမယ့်နည်းလမ်း (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ သင်ကြိုက်နှစ်သက်ရာကို ရွေးချယ်ပြီးလုပ်လို့ရပါတယ်။

သံလွင်ဆီနဲ့ ငှက်ပျောသီး

Sensitive Skin Type တွေအတွက် သင့်တော်တဲ့ ပေါင်းတင်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ လုပ်ရမယ့်ပုံစံလေးကတော့ သံလွင်ဆီ – စားပွဲတင်ဇွန်းတစ်ဇွန်း၊ ငှက်ပျောသီး – လေးပုံပုံတစ်ပုံစာနဲ့ သခွားသီး Juice (Cucumber Juice) – စားပွဲတင်ဇွန်းတစ်ဇွန်းတို့ကို ရောမွှေပြီး မျက်နှာမှာလိမ်းထားပြီး မိနစ် ၂၀ ထားပေးရပါမယ်။ ဒီလိုလုပ်ပေးခြင်းက အသားအရေကိုကြည်လင်စေပြီး ဝက်ခြံတွေကိုလည်း သက်သာစေပါတယ်။

သံလွင်ဆီနဲ့ သခွားသီး Juice

ဒါကတော့ Skin Type အားလုံးအတွက်သင့်တော်တဲ့ ပေါင်းတင်နည်းလေးပါ။ လုပ်ရမယ့်ပုံစံကတော့ သံလွင်ဆီ – စားပွဲတင်ဇွန်းတစ်ဇွန်း၊ နွားနို့ – လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ သခွားသီး Juice စားပွဲတင်ဇွန်းလေးဇွန်းတို့ကို ရောမွှေပြီးမျက်နှာမှာလိမ်းပေးကာ ၁၅ မိနစ်ထားပေးရပါမယ်။ ဒီလိုလုပ်ပေးတာက အသားအရေကို အရမ်းကောင်းမွန်လာစေပါတယ်။

သံလွင်ဆီနဲ့ ပျားရည်

လုပ်ရမယ့်ပုံစံကတော့ သံလွင်ဆီ – စားပွဲတင်ဇွန်းတစ်ဇွန်း၊ ပျားရည် – စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ကြက်ဥအနှစ် – တစ်လုံးကိုဖောက်ထည့်ပြီး မွှေပါ။ ပြီးရင်တော့ မျက်နှာမှာလိမ်းကာ ၁၅ မိနစ်ထားပေးရပါမယ်။ ဒီပေါင်းတင်နည်းလေးကတော့ အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး မျက်နှာလေးကို ချောမွတ်လာစေပါတယ်။ ဒါ့အပြင် မျက်နှာအသားအရေကို ကြည်လင်ပြီး Glow ဖြစ်လာစေပါတယ်။

သံလွင်ဆီနဲ့ Oat Flakes

အဆီပြန်တဲ့သူတွေအတွက် အသင့်တော်ဆုံးနဲ့ အကောင်းမွန်ဆုံး ပေါင်းတင်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ လုပ်ရမယ့်ပုံစံကတော့ သံလွင်ဆီ – စားပွဲတင်ဇွန်းတစ်ဇွန်း၊ Oat Flakes – စားပွဲတင်ဇွန်းတစ်ဇွန်း၊ ကြက်ဥအကာ – တစ်လုံးနဲ့ Lemon Juice – လက်ဖက်ရည်ဇွန်း – တစ်ဝက်တို့ကို ရောမွှေလိုက်ပါ။ ပြီးရင်တော့ မျက်နှာမှာလိမ်းပြီး ၁၅ မိနစ်ကြာရင် ရေအေးနဲ့မျက်နှာသစ်လိုက်ပါ။

သံလွင်ဆီနဲ့ ဒိန်ချဉ်

Anti-aging အတွက် အရမ်းကောင်းတဲ့ပေါင်းတင်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ လုပ်ရမယ့်ပုံစံကတော့ သံလွင်ဆီ – စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ ဒိန်ချဉ် – စားပွဲတင်ဇွန်းနှစ်ဇွန်းတို့ကိုရောမွှေပြီး မျက်နှာမှာလိမ်းကာ မိနစ် ၃၀ ထားပေးရပါမယ်။ သူက အရေးအကြောင်းတွေကို သက်သာစေပြီး မျက်နှာအသားအရေကို ချောမွတ်လာစေပါတယ်။ တစ်ပတ်မှာ နှစ်ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ ထူးခြားကောင်းမွန်တဲ့ရလဒ်တွေကို ရရှိလာစေမှာပါ။

Photo Source: www.womensok.com