Workout တွေချည်းပဲလုပ်ရမှာ ပျင်းတယ်၊ မလုပ်ချင်ဘူးဆိုတဲ့သူတွေအတွက် ကယ်လိုရီတွေလောင်ကျွမ်းပြီး အဆီကျစေဖို့ကူညီပေးမယ့် Activities (5) ခုကို မျှဝေပေးလိုက်ပါတယ်။ အားကစားလို၊ လေ့ကျင့်ခန်းလိုဖြစ်တဲ့ Activities တွေဖြစ်တာကြောင့် လုပ်ရတာ စိတ်ပျော်ရွှင်စေမှာပါ။

ရေကူးခြင်း

ရေကူးတတ်တဲ့သူဆိုရင် ရေကူးပါ။ ရေကူးတာက ကယ်လိုရီတွေလောင်ကျွမ်းစေပြီး အဆီကျစေတယ်၊ ကိုယ်ရည်စစ်စေတယ်၊ စိတ်ကိုလည်း Relax ဖြစ်စေပါတယ်။ ကိုယ်က ဒီထဲမှာ ရေကူးတာကို ရွေးချယ်လိုက်မယ်ဆိုရင် အနည်းဆုံးတော့ တစ်ပတ်မှာ 3 ရက်လောက် လုပ်ပေးရပါမယ်။

ကြိုးခုန်ခြင်း

ကြိုးခုန်ပေးခြင်းကလည်း ကယ်လိုရီတွေလောင်ကျွမ်းပြီး အဆီကျစေပါတယ်။ ဘယ်မှလည်းမသွားချင်ဘူး အိမ်မှာပဲအေးအေးဆေးဆေး လုပ်ချင်တာဆိုရင်တော့ ကြိုးခုန်တာကိုသာ ရွေးချယ်လိုက်ပါ။ မနက်စောစော (သို့) ညနေစောင်းမှာ နေ့တိုင်း ကြိုးခုန်ပေးပါ။ Stress တွေလည်း လျော့ကျစေပါတယ်။

Aerobics ကစားခြင်း

ကခုန်ရတာဝါသနာပါရင်တော့ သီချင်းလေးနဲ့ Aerobics ကစားပါ။ Aerobics ကစားခြင်းကလည်း ကယ်လိုရီတွေလောင်ကျွမ်းပြီး သိသိသာသာအဆီကျစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုတွေလျော့ကျပြီး ပေါ့ပါးလန်းဆန်းစေပါတယ်။

စက်ဘီးစီးခြင်း

ကယ်လိုရီတွေလောင်ကျွမ်းဖို့၊ ဝိတ်ကျဖို့အတွက် ပြေးကြပါတယ်။ တကယ်တော့ ပြေးတာထက် စက်ဘီးအမြန်စီးတာက ပိုပြီးကယ်လိုရီတွေ လျော့ကျစေပါတယ်။ ပိုပြီးတော့လည်း အဆီကျ၊ ဝိတ်ကျစေပါတယ်။ နေ့တိုင်း တစ်နာရီလောက်စီးပေးရမှာပါ။

Rock Climbing

Rock Climbing ဆိုတဲ့ ကျောက်တောင်တက်တဲ့ Activity ကို စိတ်ဝင်စားတဲ့သူ၊ ကြိုက်တဲ့သူဆိုရင် Rock Climbing လုပ်ပေးလို့ရပါတယ်။ ဒါကလည်း ကယ်လိုရီတွေလောင်ကျွမ်းပြီး အဆီကျစေပါတယ်။ သူက Mental Health ကိုပါ ပိုကောင်းလာစေနိုင်တဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။