ကျွန်မတို့တွေဟာ တစ်ဦးနဲ့ တစ်ဦး စပြီး ဆက်သွယ်စကားပြောပြီဆိုရင် တခြားသူကို ကိုယ့်ရဲ့ ထင်မြင်မှုနဲ့ စတင်ကြတာဖြစ်ပါတယ်။ သူ့ကိုကိုယ်ဘယ်လိုမြင်လိုက်လဲ သူနဲ့ ပတ်သက်လို့ ကိုယ့်စိတ်ထဲမှာ ဘယ်လိုခံစားလိုက်ရလဲဆိုတာက အရေးကြီးပါတယ်။ ဥပမာ ဆိုင်တစ်ဆိုင်ကို ပထမဆုံး အကြိမ်သွားတယ်ဆိုပါစို့။ အဲဒီဆိုင်က သင့်အပေါ် အချိုးမပြေတာမျိုး ဝန်ဆောင်မှုမကောင်းတာမျိုးဆိုရင် သင့်အနေနဲ့ အဲဒီဆိုင်ကို ဒါဝန်ဆောင်မှုမကောင်းပါလားဆိုပြီးထင်သွားတဲ့ အထင်က နောက်တခါ အဲဒီဆိုင်ကိုသွားဖို့ အတော်လေး စဉ်းစားစရာဖြစ်သွားပါပြီ။

အဲဒါကြောင့် First Impression ဆိုတာ သိပ်ကို အရေးကြီးပါတယ်။ သင့်ရဲ့ Impression ကို ကျစေမယ့် အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

လူမှုကွန်ရက်စာမျက်နှာ

သင့်ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပုံတွေအများကြီးတင်တာ ပုံတွေကိုမှ မျက်နှာအနီးကပ်ပုံတွေတင်လွန်းတာ Friends များလွန်းတာဟာ မကောင်းပါဘူး။ ကိုယ်အပြင်မှာ သိနိုင်တဲ့သူ သိပ်ရှိမှာမဟုတ်ဘူးလေ။ ကိုယ့်ရဲ့ မိတ်ဆွေသူငယ်ချင်း အရင်းကြီးတွေမဟုတ်ရင်တောင် ပုံအမှန်တင်ထားတဲ့သူမျိုးကိုသာ လက်ခံသင့်ပါတယ်။

စိတ်ခံစားမှုကိုပြတဲ့အခါ

တစ်ခုခုကိုဆို အမှန်တကယ် စိတ်ကရှိတာမဟုတ်ဘဲနဲ့ ဟန်ဆောင်ပြီး Over Emotion တွေပြတာဟာ မကောင်းပါဘူး။ သင့်ကို ပိုလွန်းတဲ့သူလို့ ထင်သွားစေပါတယ်။

အတင်းပြောတတ်ခြင်း

တခြားသူရဲ့အကြောင်းကို ကောင်းကောင်းသိဖို့ သေချာခင်မင်ဖို့ဆိုရင် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေ၊ ငယ်ဘဝအကြောင်း၊ ဝါသနာတွေအကြောင်းကို အချင်းချင်းမျှဝေရမှာဖြစ်ပါတယ်။ တခြားသူရဲ့ အကြောင်းကို ဖော်ကောင်လုပ်ပြီး မကောင်းပြောတာမျိုးမဖြစ်သင့်ပါဘူး။ အတင်းပြောတတ်တာဟာ သင့်အပေါ်မှာ တခြားသူရဲ့ ယုံကြည်မှုကိုလျှော့စေပါတယ်။

အသက်မပါတဲ့အပြုံး

သင့်ရဲ့ Impressions ကို ကျစေတဲ့ အချက် (၄ )ချက်

တစ်ယောက်ယောက်က သင့်ကို ဟာသပြောလို့ဖြစ်ဖြစ်၊ ရယ်ပြတာပဲဖြစ်ဖြစ်ကိုယ်ကပြန်ပြီး ရယ်ပြ ပြုံးပြတဲ့အခါ အသက်ပါပါပြုံးဖို့လိုအပ်ပါတယ်။ အသက်ပါတဲ့အပြုံးဟာ သင့်ကို ပိုပြီးဆွဲဆောင်မှုရှိစေပါတယ်။