မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ….ကဗျာဆန်တဲ့ စာသားလေးတွေ၊ ရင်ထဲထိသွားစေတဲ့ စာသားလေးတွေကို သင်မြင်ဖူးမှာပါ။ ငယ်ငယ်တုန်းက ရည်းစားစာရဖူးသူတွေဆိုရင် ဒါမျိုးကိုပိုသိကြမှာပါ။ တချို့လူတွေက တဖက်သားကို သူတို့ဆီ လုံးဝကြွေဆင်းသွားအောင် စကားလုံးလှလှလေးတွေနဲ့ ချွေယူသိမ်းပိုက်တတ်ပါတယ်။ အထူးသဖြင့် Messenger မှာစကားပြောတဲ့အချိန်ဆို တဖက်လူက ကိုယ့်ကိုပိုချစ်လာအောင် ချစ်စရာကောင်းတဲ့စာသားလေးတွေကို ပို့ပြီးချုပ်လေ့တတ်ကြပါတယ်။

သာမန်သူတွေထက် အဲ့ဒီလိုတဖက်လူကို ကြွေဆင်းသွားလောက်အောင် ချစ်စရာကောင်းတဲ့ Messageလေးတွေ ပို့ပြီးချုပ်လေ့ရှိတဲ့ရာသီခွင် (၄)ခုရှိပါတယ်နော်။ ဘယ်ရာသီခွင်လေးတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ပါအုံးနော်…

၁။ Taurus (April 20 – May 20)

Photo Source: India.com

Taurus တွေက လူတစ်ယောက်ကို ချီးကျူးတဲ့နေရာမှာ ပညာသားပါပါတယ်။ သင်တော်တဲ့နေရာတွေကို သိနှင့်ထားပြီးသားဖြစ်ရင်တောင် အဲ့ဒီတော်တဲ့အရာကို စကားလှလှလေးတွေနဲ့ ချီးမွမ်းပြောတတ်ပါတယ်။ သင်က Taurus နဲ့စကားပြောတဲ့အချိန်တိုင်း ချီးကျူးစကားတစ်ခွန်းတော့ အမြဲကြားနေရမှာပါ။ ဒီအရာတွေကြောင့်ပဲ Taurus ရာသီဖွားတွေကို ခေါင်းထဲထည့်မိနေတတ်ပါတယ်။

၂။ Cancer (June 21 – July 22)

Photo Source:health enews

Cancer ရာသီဖွားတွေက သူတို့ဘဝမှာကြုံလာရတဲ့ ကျေးဇူးတင်သင့်တဲ့လူတွေအကြောင်း တစ်ခမ်းတစ်နားကြီးပြောလေ့ရှိတတ်ပါတယ်။ သူတို့ဘဝမှာ ပိုင်ဆိုင်ထားရတဲ့အရာတွေကြောင့် ဘယ်လောက်ထိ ပျော်မိကြောင်း သေချာပြောတတ်ပါတယ်။

၃။ Capricorn (December 22- January 19)

Photo Source: LovePanky

Capricorn တွေက သူတို့နဲ့မရင်းနှီးတဲ့လူတွေဆိုရင် အေးစက်စက်နဲ့ဆက်ဆံတတ်ပါတယ်။ သူတို့ရင်းနှီးပြီဆိုတာနဲ့ အေးစက်တဲ့ပုံစံမဟုတ်ဘဲ အနူးညံ့ဆုံးပုံစံအဖြစ် ပြောင်းလဲသွားပါတယ်။ လူတစ်ယောက်နဲ့ အတွင်းကျကျသိပြီဆိုတာနဲ့ စကားလုံးလှလှလေးတွေအမြဲ တဖွဲ့တနွဲ့ပြောတတ်ပါတယ်။ ကိုယ့်စိတ်ထဲ ပြောနေမှန်းမသိအောင်ကို နဂိုတည်းက ပြောတတ်ပြီးသားဖြစ်နေတာပါ။

၄။ Aquarius (January 20 – February 18)

Photo Source: LovePanky

Aquarius ရာသီဖွားတွေက လူတစ်ယောက်ကို ကြွေကျအောင်ချီးကျူးတတ်ပါတယ်။ Message ပို့တဲ့နေရာမှာလည်း ဖတ်သူတိုင်းကို ချစ်လာအောင် စာကလုံးလေးတွေစီကာပတ်ကုံးပြီးပို့တတ်ပါတယ်။ ရယ်စရာဟာသလေးတွေလည်း ပြောတတ်ပြီး အဲ့ဒီအရာတွေကပဲ သူတို့ကို ဆွဲဆောင်မှုရှိစေတာပါ။

Featured image: LovePanky