ရာသီခွင်အလိုက် တစ်ယောက်နဲ့တစ်ယောက် ပင်ကိုစရိုက်တွေ၊ အမူအရာတွေ ကွဲပြားကြပါတယ်။ တချို့ရာသီခွင်တွေရဲ့ အမူအရာတွေဟာ တခြားရာသီခွင်ရဲ့ အမူအရာတွေအတွက် မွေးဖွားလာသလား ထင်မှတ်ရပါတယ်။ ဒီလိုစုံတွဲတွေဟာ ဘယ်လောက်ပဲ ရန်ပွဲတွေ များပါစေ အဆုံးသတ်မှာတော့ ပြန်ချစ်သွားကြတာပါပဲ။ သူတို့တွေဟာ စိတ်ချင်းဆက်ပြီး တစ်ယောက်ခံစားချက်ကို ထုတ်ပြောစရာမလိုဘဲ နားလည်ပေးကြပါတယ်။ ဘဝရဲ့ Soulmate လို့လည်း ပြောနိုင်ပါတယ်။ ဒီလိုလိုက်ဖက်လွန်းတဲ့ ရာသီခွင် စုံတွဲ (၄) တွဲကတော့-

၁။ Aries ( March 21 – April 19) နဲ့ Pisces ( February 19 – March 20 )

ဆန့်ကျင်ဘက်တွေက တစ်ဘက်နဲ့တစ်ဘက် ဆွဲငင်တယ်လို့သိထားကြမှာပါ။ Aries နဲ့ Pisces က အမြဲဆန့်ကျင်ဘက်ပါပဲ။ Aries ရာသီဖွားတွေက အလုပ်ကြိုးစားကြပြီး အိပ်မက်ဆန္ဒတွေပြင်းပြကြပါတယ်။ Pisces တွေရဲ့ ဘဝမှာတော့ လုပ်စရာတွေများပြီး ရှုပ်နေတတ်ပါတယ်။ တစ်ယောက်လိုအပ်နေတဲ့အရာကို တစ်ယောက်က ဖြည့်ဆည်းတတ်တာမို့ ပြည့်စုံတယ်ဆိုတဲ့ အဆင့်ထိ သွားပါတယ်။

၂။ Leo (July 23 – August 22) နဲ့ Libra (September 23 – October 22 )

Leo ရာသီဖွားတွေက လူတွေရဲ့ အာရုံစိုက်ခြင်း အမြဲခံရပြီး စကားနည်းကြပါတယ်။ သူတို့က အကြောင်းအရာတွေကို နှလုံးသားနဲ့ ဆုံးဖြတ်တတ်ပါတယ်။ ဒါကြောင့်သူတို့ဆုံးဖြတ်ချက်တွေကို ခန့်မှန်းလို့မရပါဘူး။

Libra ရာသီဖွားတွေကျတော့ တည်ငြိမ်ပြီး အေးအေးဆေးဆေးဆုံးဖြတ်တတ်တာကြောင့် Leo အနားမှာ Libra က ထောက်ပံ့ပေးတဲ့လူတစ်ယောက်အနေနဲ့ အမြဲရှိနေတတ်ပါတယ်။

ဒီစုံတွဲကတစ်ယောက်နဲ့ တစ်ယောက်စကားပြောရတာ အဆင်ပြေပြီး အပြန်အလှန်ထောက်ပံ့ပေးနိုင်တာကြောင့် ပြည့်စုံတာထက် ပိုတဲ့ Leo နဲ့ Libra ပါပဲ။

၃။ Virgo (August 23 – September 22 ) နဲ့ Aquarius (January 20 – February 18 )

ဒီရာသီခွင်နှစ်ခုက အပြန်အလှန်ကာကွယ်ပေးကြပါတယ်။ တစ်ယောက်အတွက် တစ်ယောက်အမြဲ အဆင်သင့်ဖြစ်နေတတ်ပါတယ်။ ဒီရာသီခွင်နှစ်ခုက တစ်ယောက်ရဲ့ တစ်နေ့တာအကြောင်း တစ်ယောက်ဝေမျှတတ်ပြီး အေးအတူပူအမျှ ရင်ဆိုင်ဖို့ ဆုံးဖြတ်တတ်ကြပါတယ်။

၄။ Gemini (May 21 – June 20) နဲ့ Sagittarius (November 22 – December 21)

Gemini နဲ့ Sagittarius သာ တွဲမိရင် နှစ်ကိုယ့်တစ်စိတ်လို ဖြစ်သွားကြပါတယ်။ နှစ်ယောက်လုံးက အပြင်သွားဖို့ ကြိုက်ပါတယ်။ အတွေ့အကြုံသစ်တွေကို သင်ယူရတာလည်း ကြိုက်ကြပါတယ်။ စိတ်ကူကိုယ်တူဖြစ်တာကြောင့် လိုက်ဖက်တဲ့ စုံတွဲပါပဲ။

Photo Source: Pinterest

By MyStyle Myanmar