တစ်နေ့တာလုံးအတွက် ကိုယ်ရောစိတ်ပါ ပေါ့ပါးလန်းဆန်းပြီး active ဖြစ်နေစေဖို့၊ စိတ်ကြည်လင်စေဖို့အတွက် မနက်နိုးရင် အိပ်ယာထဲကမထွက်ခင်မှာ အမြဲတမ်းပုံမှန်လုပ်ပေးသင့်တဲ့ ယောဂကျင့်စဉ် ၄ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

Pranayama

ပုံမှာပြထားတဲ့အတိုင်းထိုင်ပြီး မျက်စိကိုမှိတ်ကာ စိတ်တည်ငြိမ်အောင် အာရုံစုစည်းထားပါ။ ပြီးရင်တော့ အသက်ကို ခပ်ပြင်းပြင်းရှိုက်ရှူပြီး ပြန်ထုတ်ပါ။ အဲ့အတိုင်း အနည်းဆုံး ၃ မိနစ်လောက်တော့နေပေးပါ။ အိပ်ယာနိုးတာနဲ့ တန်းမထပဲ ဒီလိုလုပ်ပေးတာက စိတ်ကြည်လင်အေးချမ်းစေပါတယ်။ ကိုယ်ရောစိတ်ပါ ပေါ့ပါးလန်းဆန်းစေပါတယ်။

Child’s pose

အိပ်ယာပေါ်မှာပဲ ပုံမှာပြထားတဲ့ Child’s pose အတိုင်း အနည်းဆုံး ၃ မိနစ်လောက်နေပေးပါ။ ဒီယောဂကျင့်စဉ်က အစာခြေစနစ်ကို ပိုမိုကောင်းမွန်လာစေပြီး ညောင်းညာတာသက်သာစေပါတယ်။ ခန္ဓာကိုယ်ပေါ့ပါးလန်းဆန်းပြီး active ဖြစ်စေပါတယ်။

Reclined bound angle pose

အိပ်ယာပေါ်မှာ ပုံထဲကအတိုင်းလေးနေပြီး အသက်ကိုရှူသွင်းရှူထုတ် လုပ်ပေးပါ။ အနည်းဆုံး ၃ မိနစ်ကနေ ၅ မိနစ်အထိ ကိုယ်အချိန်ရသလောက် နေပေးပါ။ ဒီယောဂကျင့်စဉ်ကတော့ စိတ်ဖိစီးမှုတွေ၊ stress တွေ၊ ပင်ပန်းတာတွေ လျော့ကျစေပြီး စိတ်ကြည်လင်လန်းဆန်းစေလို့ တစ်နေ့တာလုံးအတွက် active ဖြစ်နေစေပါတယ်။

Happy baby pose

ပုံမှာပြထားတဲ့ happy baby pose အတိုင်း ခြေထောက်ကိုမြှောက်ပြီး ခြေဖဝါးကို လက်နဲ့ထိအောင်ကိုင်ထားပါ။ ဒီယောဂကျင့်စဉ်ကတော့ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေနဲ့ တခြားခံစားနေရတဲ့ ပြဿနာတွေကြောင့် စိတ်ညစ်နွမ်းနေတာကို သက်သာစေပါတယ်။ ခြေထောက်ညောင်းကိုက်တာ၊ ခါးနာတာတွေကိုလည်း သက်သာစေပါတယ်။

ကိုယ်ကပုံမှန်ယောဂလုပ်ရမှာ၊ လေ့ကျင့်ခန်းလုပ်ရမှာကိုလည်း ပျင်းတယ်ဆိုရင် ဒီယောဂကျင့်စဉ် ၄ မျိုးကိုတော့ မနက်အိပ်ယာနိုးတိုင်းမှာ ပုံမှန်လုပ်ပေးပါ။ ကိုယ်ရောစိတ်ပါနေလို့ကောင်းတာက သိသိသာသာကို ပြောင်းလဲလာပါလိမ့်မယ်။