ဗိုက်မှာအဆီတွေများလာရင် ဗိုက်ခေါက်ထွက်လာမှာပါပဲ။ ဗိုက်ခေါက်ထွက်လာတယ်ဆိုတာလည်း ကိုယ့်ရဲ့နေထိုင်ပုံ၊ ပြုလုပ်ပုံတွေနဲ့ အများကြီးသက်ဆိုင်ပါတယ်။ ဒါကြောင့် ကိုယ်လုပ်နေတာက မှားယွင်းနေတာတွေရှိနေရင်လည်း ပြင်ဆင်လို့ရဖို့အတွက် ဗိုက်ခေါက်ထွက်လာအောင် သင်ကိုယ်တိုင်ပြုလုပ်မိနေတဲ့ မကောင်းတဲ့အလေ့အကျင့် ၄ ခုကို ပြောပြပေးလိုက်ပါတယ်။

အဆီအစိမ့်တွေစားခြင်း

အစားအသောက်စားတဲ့အခါမှာ အာဟာရမျှတအောင်မစားပဲ သရေစာမုန့်တွေ၊ အဆီတက်စေတာတွေ၊ အဆီအစိမ့်တွေ၊ ကယ်လိုရီများတာတွေ၊ ဆီကြော်မုန့်တွေ၊ အပြင်စာတွေကိုပဲ ခဏခဏစားနေမယ်ဆိုရင်တော့ ဗိုက်အဆီတွေက ပိုများလာပြီး ဗိုက်ခေါက်ထွက်လာမှာပါ။

အချိုရည်

အချိုရည်တွေမှာ အထူးသဖြင့် အသင့်သောက်အချိုရည်တွေမှာက သကြားဓာတ်တွေ များစွာပါဝင်ပါတယ်။ ဒီအချိုရည်တွေကို နေ့တိုင်းသောက်နေမယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ အဆီတွေများလာစေပါတယ်။ အထူးသဖြင့် ဗိုက်အဆီ၊ ခါးအဆီတွေ များလာပြီးတော့ ဗိုက်ခေါက်ထွက်လာတာပါပဲ။ အကောင်းဆုံးကတော့ သဘာဝအသီးတွေကိုသာ ဖျော်သောက်ပါ။

ထိုင်စားသောက်နေခြင်း

ထိုင်စားသောက်နေခြင်းဆိုတာကတော့ TV ကြည့်ရင်း၊ ဖုန်းကြည့်ရင်းနဲ့ တစ်ချိန်လုံး တစ်ခုပြီးတစ်ခု ထိုင်စားနေတာမျိုး၊ ဘာမှလှုပ်ရှားမှုမရှိခြင်း တစ်ချိန်လုံးထိုင်ပြီး တစ်ခုပြီးတစ်ခု စားသောက်နေတာမျိုးတွေကို ပြောတာပါ။ အဲ့လိုထိုင်စားနေတာတွေက ဘယ်လောက်စားလိုက်မိလဲဆိုတာကို သတိမပြုမိတဲ့အတွက် ပျင်းပျင်းနဲ့စားရင်း ဝလာမယ်၊ အဆီတွေတက်ပြီး ဗိုက်ခေါက်တွေ ထွက်လာပါမယ်။

အထိုင်များခြင်း

ခန္ဓာကိုယ်လှုပ်ရှားမှုနည်းပြီး အထိုင်များတဲ့သူတွေက ဗိုက်အဆီ၊ ခါးအဆီတွေစုပြီး ဗိုက်ခေါက်ထွက်လာစေပါတယ်။ အဆီတက်စေတာတွေလည်းမစားပဲ ဗိုက်ခေါက်ထွက်နေတယ်ဆိုရင်တော့ အထိုင်များနေလို့ပါပဲ။ ဒါကြောင့် အထိုင်းမများအောင် ဂရုစိုက်ပေးပါ။ တကယ်လို့ ကိုယ်လုပ်ရတဲ့အလုပ်က အထိုင်များတာမျိုး ဖြစ်နေတယ်ဆိုရင်လည်း လေ့ကျင့်ခန်းလုပ်ပေးပါ။