ပျိုမေတို့အားလုံးမင်္ဂလာပါ။ အခုနောက်ပိုင်း လူအများစုက ပိန်ချင်ကြပါတယ်။ ဝိတ်ကျချင်ကြပါတယ်။ ဒါပေမဲ့ ပိန်လို့ စိတ်ညစ်နေတဲ့ မိန်းကလေးအချို့လည်းရှိပါတယ်။ ဘယ်လောက်စားစား မဝနိုင်တဲ့မိန်းကလေးတွေပါ။ ခန္ဓာကိုယ်ပြည့်ပြည့်လေးပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ သင်က ပိန်တာကို ကြိုက်မှာမဟုတ်ပါဘူး။ ဒီတော့ ပိန်လို့ ပြည့်ချင်သူတွေ ဒီလေ့ကျင့်ခန်းတွေကိုပြုလုပ်နိုင်ပါတယ်။

၁။ ဒိုက်ထိုးပေးပါ

ဒိုက်ထိုးတာက လက်မောင်းနဲ့ ပခုံးကြွက်သားတည်ဆောက်မှုကို အားပေးပါတယ်။ ဒိုက် ၁၀ ခါထိုးပေးရပါမယ်။

Photo Source: experience life

၂။ Pullups

ဘားခိုပေးပါ။ ဘားမှာ လက်နှစ်ဖက်နဲ့ အားပြုကိုင်ရပါမယ်။ ပြီးနောက် ခန္ဓာကိုယ်ကို အပေါ်တင်ပေးရပါမယ်။ မေးစေ့က ဘားကို ကျော်ရပါမယ်။ ၁၀ ခါ ဘားခိုပေးရပါမယ်။

Photo Source: chicksnchalk.blog

၃။ အလေး မပေးပါ

အိပ်လျက်အနေအထားနဲ့ အလေးတုံးနှစ်တုံးကို မ ထားရပါမယ်။ ပြီးနောက် ဒီအလေးတုံးကို အပေါ်မြှောက်တင်ရပါမယ်။ စက္ကန့်အနည်းငယ်ထားပြီး နဂိုနေရာ ပြန်သွားရပါမယ်။ ဒါကို ၁၀ ကြိမ်ပြုလုပ်ရပါမယ်။


Photo Source: Gym visual

၄။ ထိုင်ထလုပ်ပေးပါ

တင်သားနဲ့ ခြေထောက်ကြွက်သားတွေအတွက် ထိုင်ထလုပ်ပေးသင့်ပါတယ်။ ၁၀ ကြိမ်ပြုလုပ်ပေးပါ။


Photo Source: Pinterest

By MyStyle Myanmar