ဦးရေပြားဗောက်ထရင် ဒီတိုင်းမထားပဲ ပျောက်အောင်လုပ်သင့်ပါတယ်။ ဒီတိုင်းထားရင်က ပိုဆိုးလာနိုင်ပါတယ်။ ဒါကြောင့် အိမ်တိုင်းမှာ အလွယ်တကူရှိနိုင်တဲ့ သံပယိုသီးကိုသုံးပြီးတော့ ဗောက်ထနေတာတွေကို သက်သာပျောက်ကင်းအောင် လုပ်လို့ရတဲ့ ကုသနည်း ၄ မျိုးကို မျှဝေပေးလိုက်ပါတယ်။
နည်းလမ်း ၁
ပထမနည်းလမ်းကတော့ သံပယိုရည် – စားပွဲတင်ဇွန်း ၂ ဇွန်းကို ပန်းသီးရှာလကာရည် – စားပွဲတင်ဇွန်း ၄ ဇွန်းနဲ့ ရောမွှေပါ။ ပြီးရင် ဂွမ်းလုံးနဲ့ပဲဖြစ်ဖြစ်ယူပြီး ဦးရေပြားကို ပွတ်ပေးပါ။ မိနစ် ၂၀ ထားပြီးမှ ခေါင်းလျှော်ပေးပါ။
ဒီနည်းလမ်းကို တစ်ပတ်တစ်ကြိမ်၊ နှစ်ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင် ဗောက်ထတာတွေ သက်သာပျောက်ကင်းစေပြီး ဦးရေပြားခြောက်သွေ့တာ၊ ယားယံတာတွေလည်း သက်သာစေပါတယ်။
နည်းလမ်း ၂
ဒုတိယနည်းလမ်းကတော့ သံပယိုရည် – စားပွဲတင်ဇွန်း ၂ ဇွန်းကို Almond Oil (သို့) အုန်းဆီ – စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ ရောမွှေပြီး Tea Tree Oil – ၃ စက်လောက်ထည့်ကာ ထပ်မွှေလိုက်ပါ။ ပြီးရင် နည်းနည်းပူသွားအောင် အပူပေးပါ။ ပြီးရင်တော့ ဦးရေပြားအနှံ့သေချာပွတ်လိမ်းပြီး မိနစ် ၂၀ ထားပါ။ အချိန်ပြည့်ရင်တော့ ခေါင်းလျှော်နိုင်ပါပြီ။
ဒီနည်းလမ်းကိုတော့ တစ်ပတ်မှာ နှစ်ကြိမ် ပုံမှန်လုပ်ပေးမယ်ဆိုရင် ဦးရေပြားဗောက်ထပြီး ယားယံတာတွေ သက်သာစေတယ်၊ ဦးရေပြားခြောက်သွေ့တာ သက်သာစေပါတယ်။
နည်းလမ်း ၃
တတိယနည်းလမ်းကတော့ သံပယိုရည် – စားပွဲတင်ဇွန်း ၂ ဇွန်းကို ရှားစောင်းလက်ပတ်ဂျယ်လ် – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ကြိတ်ချေပြီး ရောမွှေပေးပါ။ ပြီးရင် ဦးရေပြားကို သေချာပွတ်လိမ်းပြီး ၁၅ မိနစ်ထားပါ။ အချိန်ပြည့်ရင် ခေါင်းသေချာပြန်လျှော်ပေးပါ။
ဒီနည်းလမ်းကိုတော့ တစ်ပတ်တစ်ကြိမ်၊ နှစ်ကြိမ် ပုံမှန်လုပ်ပေးရင် ဗောက်ထတာ၊ ဦးရေပြားယားယံတာ သက်သာပျောက်ကင်းစေပါတယ်။
နည်းလမ်း ၄
နောက်ဆုံးနည်းလမ်းကတော့ သံပယိုရည် – စားပွဲတင်ဇွန်း ၂ ဇွန်းကို Alma Juice – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရောမွှေပါ။ ပြီးရင် ဂွမ်းလုံးနဲ့ယူပြီး ဦးရေပြားကို ပွတ်ပေးပါ။ မိနစ် ၃၀ လောက်ထားပြီးမှ ခေါင်းလျှော်ပေးပါ။
ဒီနည်းလမ်းကို ၄ ရက် တစ်ခါလောက် ပုံမှန်လုပ်ပေးမယ်ဆိုရင် ဦးရေပြားသန့်စင်ပြီး ယားယံတာ၊ ဗောက်ထတာတွေ သက်သာပျောက်ကင်းစေပါတယ်။