ငှက်ပျောသီးအခွံက အလှအပရေးရာအတွက် တော်တော်အသုံးဝင်ပါတယ်။ ဒါကြောင့် အလှအပအတွက် ငှက်ပျောသီးအခွံကို သုံးပေးသင့်တဲ့ အချက် (၄) ချက်ကို မျှဝေပေးလိုက်ပါတယ်။

ဝက်ခြံတွေကိုလျော့ပါးစေတယ်

မျက်နှာမှာဝက်ခြံတွေပေါက်နေရင် ငှက်ပျောသီးအခွံရဲ့အတွင်းသားနဲ့ ၅ မိနစ် (သို့) ၁၀ မိနစ်လောက် ပွတ်ပေးရင် ဝက်ခြံတွေ လျော့ပါးသွားစေပါတယ်။ တစ်နေ့ကို ၂ ကြိမ်လုပ်ပေးလို့ရပါတယ်။

မျက်လုံးအောက်ကအရေးအကြောင်းတွေကို လျော့ကျစေတယ်

ငှက်ပျောသီးအခွံရဲ့ အတွင်းသားကို မျက်လုံးအောက်မှာ မိနစ် ၃၀ လောက် ကပ်ထားပေးရင် မျက်လုံးအောက်မှာ အရေးအကြောင်းဖြစ်တာကို လျော့ကျစေပါတယ်။ တစ်ပတ်မှာ ၃ ကြိမ်လုပ်ပေးပါ။

သွားတွေကိုဖြူစေတယ်

ငှက်ပျောသီးအခွံရဲ့အတွင်းသားနဲ့ ၂ မိနစ်လောက် သွားတွေကို ပွတ်ပေးရင် သွားတွေဖြူလာစေပါတယ်။ ခဏလေးလုပ်ရုံနဲ့တော့ ဖြူလာမှာမဟုတ်ပါဘူး။ တစ်နေ့ ၁ ကြိမ်၊ ၂ ကြိမ်နဲ့ နေ့တိုင်း လုပ်ပေးရမှာပါ။

အမာရွတ်တွေပါးသွားစေတယ်

ငှက်ပျောသီးအခွံရဲ့အတွင်းသားနဲ့ အမာရွတ်ကိုပွတ်ပေးပြီး ၁ နာရီ (သို့) ၁ ည ထားပေးပါ။ နေ့တိုင်းလုပ်ပေးဖို့တော့ လိုပါတယ်။

Source: www. brightside.me