ဆံသားကြွပ်ဆတ်နေတာမျိုးက ဖြီးလိုက်ရင်လည်း အဆင်မပြေသလို ဒီတိုင်းလည်း အဆင်မပြေပါဘူး။ ဆံသားက အဆီဓာတ်မရှိသလို၊ ပျက်စီးနေသလိုမျိုး ဖြစ်နေတာပါ။ ဒါကြောင့် ဆံသားကြွပ်ဆတ်နေတာတွေ သက်သာစေဖို့အတွက် နည်းလမ်း ၄ ခုကို မျှဝေပေးလိုက်ပါတယ်။

Hair Mask သုံးပါ

Hair Mask ကို Protein ပါတာမျိုး သုံးပေးပါ။ ဆံသားကြွပ်ဆတ်တာ သက်သာပျောက်ကင်းပြီး ဆံသားပြန်လည်ကျန်းမာလာမယ်၊ ဆံသား Weight ရှိလာမယ်၊ ဆံသားအတွက်လိုအပ်တဲ့ အာဟာရဓာတ်ကိုလည်း ရရှိစေပါမယ်။ တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ပေးရမှာ ဖြစ်ပါတယ်။

Hair Oil သုံးပါ

ဆံသားကြွပ်ဆတ်နေတာဆိုရင် မဖြစ်မနေ Hair Oil သုံးပေးရပါမယ်။ ခေါင်းမလျှော်ခင်မှာ ဆံသားအနှံ့ Oil လိမ်းထားတာမျိုး၊ နေ့တိုင်း Hair Oil ပုံမှန် လိမ်းပေးတာမျိုး၊ အဖျားတွေကိုလည်း Hair Oil သေချာလိမ်းပေးတာမျိုး၊ Oil Massage လုပ်တာမျိုးတွေကို ပုံမှန်လုပ်ပေးသွားရပါမယ်။ ဒါဆိုရင် ဆံသားကြွပ်ဆတ်နေတာတွေ သက်သာလာမှာပါ။

Hot Tools တွေရှောင်ပါ

Hot Tools တွေသုံးတာက ဆံသားကြွပ်ဆတ်တာကို ပိုဆိုးလာစေပါတယ်။ ဆံပင်တွေဖွာပြီး ခြောက်သွေ့လာမယ်၊ ဆံသားကျိုးကြေပျက်စီးလာပါမယ်။ ဒါကြောင့် Hot Tools တွေနဲ့ ဆံပင်ဖြောင့်တာ၊ ကောက်တာကို တတ်နိုင်သလောက် ရှောင်ပေးပါ။ Hair Dryer ကိုလည်း သုံးတာလျှော့ပေးပါ။

ညှပ်ထုတ်ပါ

ဆံသားကြွပ်ဆတ်နေတာတွေ၊ ဆံပင်ကျိုးပြတ်ထွက်နေတာတွေ၊ နှစ်ခွဖြစ်ပြီးပျက်စီးနေတာတွေကို ဒီတိုင်းမထားပဲနဲ့ ပုံမှန်ညှပ်ထုတ်ပေးပါ။ ဒါဆိုရင် ပျက်စီးနေတာတွေမရှိတော့တဲ့အတွက် ဆံသားလည်း ပြန်လည်ကျန်းမာလာမယ်၊ ဆံပင်လည်း သန်စွမ်းလာပါမယ်။