ပူစီနံရွက်ကို ရေဓာတ်ထိန်းဖို့အတွက် အဖျော်ယမကာတွေမှာလည်း အသုံးပြုကြသလို skincare ပစ္စည်းတွေမှာလည်း အသုံးပြုကြပါတယ်။ ဒါ့အပြင် အလှအပအတွက် natural remedies တွေမှာလည်း အရမ်းအသုံးများပါတယ်။ ဝက်ခြံအမာရွတ်တွေ လျော့ပါးဖို့အတွက်လည်း ပူစီနံရွက်ကို အသုံးပြုနိုင်ပါတယ်။ ဒါကတော့ အလွယ်ကူဆုံးနည်းလမ်း ၄ မျိုးပဲဖြစ်ပါတယ်။

နည်းလမ်း ၁

ပထမနည်းလမ်းကတော့ ပူစီနံရွက်နဲ့ နနွင်းမှုန့်နဲ့ကိုသုံးပြီး လုပ်မှာပါ။ ပူစီနံရွက် ၁၅ ရွက်ကို ကြိတ်ပြီးတော့ ရေနည်းနည်းထည့်ပါ။ ပြီးရင် နနွင်းမှုန့် နည်းနည်းထည့်ပြီး ပျစ်ပျစ်လေးဖြစ်အောင် မွှေပေးပါ။ ပြီးရင် ဝက်ခြံအမာရွတ်တွေပေါ်ကို လိမ်းထားပေးပါ။ မိနစ်အနည်းငယ်ထားပြီးရင် ရေဆေးနဲ့ မျက်နှာသစ်လိုက်ရုံပါပဲ။

နည်းလမ်း ၂

ဒုတိယနည်းလမ်းကတော့ ပူစီနံရွက်နဲ့ သခွားသီးနဲ့ကိုသုံးပြီး လုပ်မှာဖြစ်ပါတယ်။ ပူစီနံရွက် ၁၅ ရွက်နဲ့ သခွားသီး ၁ လုံးကို သေးသေးလေးတွေဖြစ်အောင် လှီးပြီးတော့ blender ထဲထည့်ကြိတ်ပါ။ ပျစ်ပျစ်လေးဖြစ်သွားရင် ယူပြီးတော့ ဝက်ခြံအမာရွတ်တွေပေါ်ကို လိမ်းထားပေးပါ။ ၁၅ မိနစ်ထားပြီးတော့မှ ရေအေးနဲ့မျက်နှာသစ်ပေးပါ။

နည်းလမ်း ၃

ပူစီနံရွက် ၁၀ ရွက်ကို ကြိတ်ပြီးတော့ rosewater စားပွဲတင်ဇွန်း ၂ ဇွန်းစာနဲ့ ရောမွှေပါ။ ပြီးရင် ထူထူပျစ်ပျစ်လေးဖြစ်သွားအောင် ကုလားပဲမှုန့်ကိုပါ နည်းနည်းလေးထည့်ပြီး မွှေပေးပါ။ ပြီးရင်တော့ ဝက်ခြံအမာရွတ်ပေါ်ကို ပွတ်လိမ်းပြီး မိနစ် ၃၀ ထားပါ။ အချိန်ပြည့်မှ ရေကြက်သီးနွေးနဲ့ မျက်နှာသစ်ပေးပါ။

နည်းလမ်း ၄

နောက်ဆုံးနည်းလမ်းကတော့ ပူစီနံရွက် ၁၅ ရွက်နဲ့ သံပယိုရည် အနည်းငယ်နဲ့ကို blender ထဲထည့်ပြီး ကြိတ်ပေးပါ။ ပျစ်ပျစ်လေးဖြစ်သွားရင် ဝက်ခြံအမာရွတ်ပေါ် လိမ်းပေးပြီး ၁၅ မိနစ်ထားပါ။ အချိန်ပြည့်ရင်တော့ ရေအေးနဲ့ မျက်နှာသစ်ပေးရမှာ ဖြစ်ပါတယ်။

ပူစီနံရွက်က side effect နည်းပါတယ်။ ဒါပေမယ့် ဓာတ်မတည့်တဲ့သူဆိုရင်တော့ မသုံးသင့်ပါဘူး။ ဒါကြောင့် တစ်ခုခုလုပ်တော့မယ်ဆိုရင် လက်မှာပဲဖြစ်ဖြစ်၊ လည်ပင်းမှာပဲဖြစ်ဖြစ် အရင်စမ်းသပ်ပြီးမှ လုပ်ပေးတာကတော့ အကောင်းဆုံးပါပဲ။