ကမ်းခြေသွားပြီး အသားတွေ အရမ်းမဲသွားတယ်၊ နေလောင်လာတယ်ဆိုတာက သေချာဂရုမစိုက်လို့ပါ။ ကမ်းခြေသွားပြီး မဲလာတာက တစ်လလောက်နဲ့ ပုံမှန် Skin Tone အတိုင်း ပြန်ရပါတယ်။ ဒါပေမယ့် တချို့ကျတော့လည်း အဲ့လိုမဲသွားတာကို မကြိုက်ကြတာပါ။ ဒါကြောင့် ကမ်းခြေသွားပြီး အသားမမဲလာအောင် ထိန်းသိမ်းလို့ရတဲ့ နည်းလမ်း ၄ ခုကို မျှဝေပေးလိုက်ပါတယ်။

Sunscreen နိုင်နိုင်လိမ်းပါ

ကမ်းခြေသွားပြီး အသားမဲလာတယ်ဆိုတာက Sunscreen သေချာမလိမ်းလို့ပါ။ Sunscreen လိမ်းတယ်ဆိုရင်လည်း ကမ်းခြေဆင်းခါနီးလိမ်းပြီး အကြာကြီးရေဆော့နေတာမျိုးဆို အဆင်မပြေပါဘူး။ မျက်နှာအပြင် လည်ပင်းနဲ့ လက်၊ ခြေထောက် အသားပေါ်သမျှ နေရာတိုင်းကို Sunscreen နိုင်နိုင်လိမ်းရပါမယ်။ ပြီးရင် ၄ နာရီခြားတစ်ခါလောက် Sunscreen ထပ်လိမ်းတာပဲဖြစ်ဖြစ်၊ Sun Spray ဖြန်းတာပဲဖြစ်ဖြစ် လုပ်ပေးရပါမယ်။ ဒါမှ နေမလောင်မှာပါ။

နေပူထဲအကြာကြီးမနေပါနဲ့

ကမ်းခြေသွားမှတော့ ကမ်းခြေမှာလမ်းလျှောက်တာ၊ ဆော့တာ၊ ရေထဲဆင်းတာ လုပ်ရမှာပေါ့။ ဒါပေမယ့် နေအရမ်းပြင်းတဲ့အချိန်ကိုတော့ ရှောင်ပေးပါ။ အဲ့အချိန်က အသားအရေ ထိခိုက်ပျက်စီးမှု၊ နေလောင်မှု အများဆုံးခံရမှာပါ။ ဒီတော့ နေပူထဲ ကမ်းခြေမှာလမ်းလျှောက်မယ်ဆိုလည်း ဦးထုပ်ဆောင်းတာ၊ လက်ရှည်အပါးလေးတွေ ထပ်ဝတ်တာမျိုး လုပ်ပေးပါ။ ဓာတ်ပုံရိုက်မယ်ဆိုလည်း အဲ့အချိန်ခဏလောက်တော့ အပေါ်ထပ်လေးချွတ်ပြီး ရိုက်ရုံပါပဲ။ အသားမမဲချင်ရင်တော့ ဒီလိုလေးတွေလုပ်မှပဲ ရမှာပါ။

Lotion လိမ်းပါ

ရေဆော့ပြီး ပြန်တက်လာပြီဆိုရင် ရေချိုးပြီး ဒီတိုင်းမနေပါနဲ့။ Lotion သေချာပြန်လိမ်းပေးပါ။ အသားအရေကို သေချာပြန်ဂရုစိုက်ပေးပါ။ ဒါမှလည်း အသားအရေမပျက်စီးမှာ၊ ပျက်စီးမှုနည်းမှာပါ။

Sheet Mask ကပ်ပါ

ညဘက်မှာ မျက်နှာသစ်ပြီးရင် Sheet Mask လေးတွေကပ်ပေးပါ။ အသားအရေအတွက် အရမ်းကောင်းပါတယ်။ နေလောင်ထားတာလည်း သက်သာစေပါတယ်။

လွယ်လွယ်ကူကူနဲ့ ဒီနည်းလမ်း ၄ ခုကိုသာ ကမ်းခြေရောက်နေစဉ်မှာ သေချာလုပ်ပေးပါ။ ပုံမှန်ထက်ပိုပြီး အသားအရေ ထိခိုက်ပျက်စီးမှု နည်းစေပါတယ်။ နေလောင်တာလည်းမဖြစ်ပဲ အသားလည်းမမဲစေပါဘူး။

နောက်ပိုင်းက အိမ်ပြန်ရောက်မှသာ Scrub တိုက်တာ ပေါင်းတင်တာမျိုးတွေ ဆက်လုပ်ပေးပါ။