အခုလိုဆောင်းတွင်းရောက်လို့ ရာသီဥတုအအေးပိုလာတဲ့အခါ ခြောက်သွေ့တဲ့ဆောင်းလေထုကြောင့် အရေပြားတွေခြောက်လာသလို မျက်တောင်တွေလည်းခြောက်လာပါတယ်။ ဒါကြောင့် ဆောင်းရာသီမှာ အအေးဒဏ်ကြောင့် မျက်တောင်ကျွတ်တာကို ကာကွယ်နိုင်ဖို့ဆို ဒီအချက်တွေကို မမေ့ပါနဲ့။

ရေဓာတ်ရှိနေပါစေ

ခေါင်းပေါ်က ဆံပင်တွေလိုပဲ ရေဓာတ်ခန်းခြောက်လာတဲ့အခါ မျက်တောင်တွေက ကြွပ်ဆတ်ပြီး ကွဲတတ်ပါတယ်။ ဒါကြောင့် မျက်တောင်ကို အတွင်းပိုင်းကနေ အာဟာရဖြစ်စေဖို့ ရေများများသောက်ပေးပါ။

မျက်လုံးကို ကာကွယ်ပါ

လေအေးနဲ့လေပြင်းတွေက မျက်လုံးကိုထိတဲ့အခါ မျက်လုံးတွေခြောက်လာပြီး ပွတ်မိတတ်ပါတယ်။ ဒီလိုပွတ်တာက မျက်တောင်ကို အရွယ်မတိုင်ခင်ကျွတ်စေပြီး မျက်တောင်လိုင်းကို ပါးလွှာစေပါတယ်။ ဒါကြောင့် ရာသီဥတုပေါ်မူတည်ပြီး နေကာမျက်မှန် ဒါမှမဟုတ် အကာအကွယ်မျက်မှန်ကို ဝတ်ပေးပါ။

ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာစားပါ

ပရိုတင်းနဲ့ ဗီတာမင်တွေ ကြွယ်ဝတဲ့ အစားအစာတွေကို စားတာက တစ်နှစ်ပတ်လုံး မျက်တောင်တွေကို ပိုမိုသန်မာစေပြီး ကျန်းမာစေပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာများကို ရွေးစားသင့်ပါတယ်။

မျက်တောင် Serum သုံးပေးပါ

ဒါက ဆောင်းရာသီမှာ မျက်တောင်တွေအတွက် နံပါတ်(၁) အရေးကြီးဆုံးပါပဲ။ အရည်အသွေးမြင့်တဲ့ မျက်တောင် Serum တွေက မျက်တောင်တွေကို အတွင်းပိုင်းကနေ အစိုဓာတ်ထိန်းပေးနိုင်ပါတယ်။ ပုံမှန်ဆို မျက်တောင်ကို တစ်ပတ်ကို တစ်ခါနှစ်ခါလောက်သုံးပေးရုံနဲ့လုံလောက်ပေမယ့် ဆောင်းတွင်းမှာတော့ သုံးတဲ့အကြိမ်အရေအတွက်ကို တိုးသင့်ပါတယ်။ မျက်တောင် Serum ကို နေ့တိုင်း တစ်နေ့ နှစ်ကြိမ် လိမ်းပေးရင် ဆောင်းတွင်းမှာ မျက်တောင်ကျိုးတာ ကျွတ်တာကနေ ကာကွယ်နိုင်ပါတယ်။