LDRS တွေအတွက် မတွေ့ရတာကြာလည်း အနေဝေးလို့ သွေးအေးသွားတာမျိုးမဖြစ်အောင် အမြဲတမ်းလုပ်ရမယ့်အရာ ၄ ခုကို ပြောပြပေးလိုက်ပါတယ်။

ယုံကြည်မှုရှိပါ

အနေဝေးနေတဲ့ LDRS တွေအတွက် အရေးကြီးတာက တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိဖို့ပါပဲ။ မတွေ့ရတာကြာလာရင် သံသယတွေများလာပြီး နည်းနည်းလောက် ပြောင်းလဲတာနဲ့တင် အတွေးပေါင်းစုံဝင်လာမယ်၊ မယုံကြည်တော့ဘူးပေါ့။ ဒီကနေ တစ်ခုခုဆို ခဏခဏ စိတ်ဆိုးစိတ်ကောက်ကြမယ်၊ ရန်ဖြစ်စကားများကြမယ်။ LDRS ဖြစ်နေတော့ တစ်ခုခုဆို မျက်နှာချင်းဆိုင် အပြင်မှာတွေ့ပြီးလည်း ဖြေရှင်းမရတော့ အဆင်မပြေပါဘူး။ ဒါကြောင့် ယုံကြည်မှုရှိဖို့လိုပါတယ်။

အဆက်အသွယ်မပြတ်ပါစေနဲ့

မတွေ့ရတဲ့အချိန်တွေမှာ ပစ်မထားပါနဲ့။ တစ်နေ့ကို အနည်းဆုံးတစ်ခေါက်တော့ ဖုန်းဆက်ပါ။ Video Call ပြောပါ။ အမြဲကိုယ်ဘာလုပ်မယ်ဆိုတာ၊ ဘာလုပ်နေတယ်ဆိုတာကို အသိပေးပါ။ ဒီလိုမျိုးနေမယ်ဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် မတွေ့ရလည်း အနေနီးစပ်နေသလို ခံစားရတဲ့အတွက် ပိုပြီးလည်း အဆင်ပြေလာပါလိမ့်မယ်။ ပိုပြီးလည်း ယုံကြည်မှုရလာမှာပါ။

မလိမ်ပါနဲ့

တွေ့နေရတဲ့သူတွေတောင် လိမ်ရင် ပြဿနာတွေတက်ပြီး အဆင်မပြေကြတာ၊ LDRS တွေဆို ပိုဆိုးပါတယ်။ တစ်ခါလိမ်တာမိသွားရင် မြင်တွေ့နေရတာမဟုတ်တော့ ကိုယ်ဘာလုပ်လုပ် သံသယတွေ ဝင်နေမှာပါ။ ဒါကြောင့် ဘယ်အချိန်ပဲဖြစ်ဖြစ် ကိုယ့်လက်တွဲဖော်အပေါ်မှာ ရိုးသားပါ။ ဘယ်တော့မှ မလိမ်ပါနဲ့။ လိမ်တာတွေများလာရင် Relationship တစ်ခု ပျက်စီးဖို့ လွယ်လာပါလိမ့်မယ်။

သစ္စာရှိပါ

LDRS ဖြစ်နေတဲ့အတွက် အရာရာကိုဆင်ခြင်ပြီး ကိုယ့်လက်တွဲဖော်အပေါ်မှာ တကယ်ချစ်တယ်ဆိုရင် သစ္စာရှိပေးပါ။ သစ္စာရှိမှလည်း တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုကို တည်ဆောက်နိုင်မှာပါ။

Overthinking မဖြစ်ပါနဲ့

LDRS တွေဆိုတာ တစ်ခုခုဆိုရင် ပြေးတွေ့ဖို့မလွယ်ပါဘူး။ ဒါကြောင့် အရမ်းတွေ Overthinking မဖြစ်ပါနဲ့။ Overthinking ဖြစ်လေ၊ ကိုယ့်စိတ်ပင်ပန်းရလေပါပဲ။ ကိုယ့်ဘာသာကိုယ် အတွေးတွေလွန်ပြီး ချစ်သူကို ရစ်မိ၊ ပြဿနာရှာမိတာနဲ့ပဲ အမြဲတမ်း အဆင်မပြေ၊ မပျော်ရွှင်နိုင် ဖြစ်နေပါလိမ့်မယ်။