Whiteheads တွေအရမ်းများနေလို့ စိတ်ညစ်မနေပါနဲ့။ အိမ်မှာပဲ သဘာဝနည်းလမ်းတွေနဲ့ သက်သာအောင်၊ ပျောက်အောင် လုပ်လို့ရတဲ့ နည်းလမ်းကောင်း ၄ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ငွေကုန်ကြေးကျသက်သာပြီး ထိရောက်တဲ့နည်းလမ်းတွေဖြစ်လို့ whiteheads တွေရှိရင် လုပ်ကြည့်သင့်ပါတယ်။

ကြက်ဥအကာနဲ့ပေါင်းတင်နည်း

ကြက်ဥတစ်လုံးကို အနှစ်နဲ့အကာခွဲပြီး အကာရည်ကို ပန်းကန်လုံးထဲထည့်ကာ ခလောက်ပေးပါ။ ပြီးရင် မျက်နှာကို mild cleanser နဲ့သစ်ပေးပြီး မျက်နှာသုတ်ပါ။ ပြီးရင် ကြက်ဥအကာရည်ထည့်ထားတဲ့ ပန်းကန်ထဲကို တစ်ရှူးတစ်ရွက်ထည့်နှစ်ပြီး အဲ့တစ်ရှူးကို whiteheads ရှိတဲ့နေရာတွေကို ကပ်ပေးပါ။ တစ်နာခွဲလောက်ကြာအောင် ထားပြီးမှ ရေကြက်သီးနွေးနဲ့ မျက်နှာသစ်လိုက်ပါ။

တစ်ပတ်တစ်ခါပုံမှန်လုပ်ပေးရင် whiteheads တွေ သက်သာသွားပါလိမ့်မယ်။

ပြောင်းဂျုံနဲ့ရှာလကာရည်

ပြောင်းဂျုံ – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ရှာလကာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရောမွှေပြီး whiteheads ရှိတဲ့ area တွေကို လိမ်းပေးပါ။ ထူထူလေးလိမ်းပေးပြီး ၁၅ မိနစ်ကြာရင် ရေကြက်သီးနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။

ဒီနည်းလမ်းကို တစ်ပတ်မှာ ၂ ကြိမ်လုပ်ပေးရင် whiteheads တွေ သိသိသာသာ လျော့ကျသွားပါလိမ့်မယ်။

ဆန်မှုန့်

မချက်ရသေးတဲ့ဆန် တစ်ခွက်ကို ကြိတ်ချေပြီး နွားနို့ ခွက်တစ်ဝက်စာနဲ့ ရောမွှေပါ။ ပျစ်ပျစ်လေးဖြစ်သွားရင် whiteheads ရှိတဲ့နေရာလေးတွေကို scrub လုပ်သလို circular motion ပွတ်ပေးပြီး ၁၅ မိနစ်ထားပါ။ ပြီးမှ မျက်နှာသစ်လိုက်ပါ။

ဒီနည်းလမ်းကတော့ scrub လုပ်တာမျိုးဖြစ်လို့ skincare သေချာပြန်လိမ်းပေးဖို့ လိုပါတယ်။

မုန့်ဖုတ်ဆိုဒါနဲ့ပျားရည်

မုန့်ဖုတ်ဆိုဒါ – စားပွဲတင်ဇွန်းတစ်ဝက်နဲ့ ပျားရည် – စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို ရောမွှေပြီး whiteheads ရှိတဲ့နေရာလေးတွေကို ပွတ်ပေးပါ။ နည်းနည်းကြာကြာလေးပွတ်ပြီးရင် ရေခဲရေနဲ့ မျက်နှာသစ်ပေးပါ။

ဒီနည်းလမ်းကလည်း whiteheads တွေကို ဖယ်ရှားပေးနိုင်တဲ့ နည်းလမ်းကောင်းဖြစ်ပါတယ်။