ဒူးခေါင်းနဲ့တံတောင်ဆစ်က တော်တော်များများလည်း မဲပါတယ်။ ထောက်တာများရင်လည်း မဲတတ်ပါတယ်။ ဒါကြောင့် ဒူးခေါင်းနဲ့တံတောင်ဆစ်မဲတာတွေ သက်သာအောင်လုပ်ပေးမယ့် သဘာဝနည်းလမ်း ၄ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ဒီနည်းလမ်းတွေကို ပုံမှန်လုပ်ပေးသွားရင် လပိုင်းလောက်နဲ့ မဲနေတာတွေပါးသွားပြီး အသားအရောင်ပြန်ညီလာစေပါတယ်။ ဒီနည်းလမ်း ၄ မျိုးထဲက ကိုယ်အဆင်ပြေတဲ့တစ်မျိုးကိုပဲ သေချာစွဲပြီး လုပ်ပေးပါ။

သံပယိုသီး

သံပယိုသီးကို တစ်ခြမ်းခြမ်းပြီး မဲနေတဲ့ ဒူးဆစ်၊ တံတောင်ဆစ်နေရာတွေကို ဖြေးဖြေးချင်းစီ ပွတ်ပေးပါ။ ပွတ်ပြီးရင်တော့ ၁၀ မိနစ်လောက်ထားပြီး ရေကြက်သီးနွေးနဲ့ ဆေးချပေးပါ။ ပြီးရင်တော့ Lotion ပြန်လိမ်းပေးဖို့ မမေ့ပါနဲ့။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါကို နွားနို့နဲ့ ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပြီး ဒူးခေါင်းနဲ့တံတောင်ဆစ်ကို ပွတ်လိမ်းပေးထားပါ။ ၅ မိနစ်ထားပြီးရင်တော့ ရေဆေးချလိုက်ပါ။ ပြီးရင်တော့ Lotion ပြန်လိမ်းပေးဖို့ မမေ့ပါနဲ့။ ဒီနည်းလမ်းကိုလုပ်မယ်ဆိုရင်တော့ တစ်ပတ်တစ်ကြိမ်လုပ်ပေးရပါမယ်။ နှစ်လလောက်ဆိုရင်တော့ မဲနေတာတွေပါးသွားတာကို တွေ့ရမှာပါ။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်အထဲက အသားကိုယူပြီး ဒူးခေါင်းနဲ့တံတောင်ဆစ်မှာ ပွတ်လိမ်းပေးပြီး မိနစ် ၂၀ ထားပါ။ အချိန်ပြည့်ရင်တော့ ရေအေးနဲ့ဆေးချပြီး Lotion (သို့) Aloe moisturizer လိမ်းပေးပါ။

သံလွင်ဆီ

သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သကြားနည်းနည်းကိုရောမွှေပြီး ဒူးခေါင်းနဲ့တံတောင်ဆစ်ကို Scrub လုပ်ပေးပါ။ ပြီးရင်တော့ ရေဆေးချပြီး Lotion ပြန်လိမ်းပေးပါ။ ဒါကတော့ အိမ်တွင်းဖြစ် အလွယ်ကူဆုံး Scrub တစ်မျိုးပါပဲ။