အမဲစက်တွေဖြစ်တဲ့နေရာလို့ပြောလိုက်ရင် အများစုက မေးစေ့ နဖူးနဲ့ နှာခေါင်းကိုပဲမြင်တတ်ကြပါတယ်။ တကယ်တော့ အမဲစက်က မျက်နှာတင်မက ခန္ဓာကိုယ်ရဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေ နားထဲတွေမှာပါ ဖြစ်တတ်ပါတယ်။ နားထဲက အဆီနဲ့ နားဖာချေးတွေက အရေပြားမှာ အမည်းစက်တွေကို ပိုဖြစ်လွယ်စေပါတယ်။ မျက်နှာပေါ်က အမည်းစက်တွေကို ဘယ်လိုဖယ်ရှားရမလဲဆိုတာ တော်တော်များများ သိကြမှာပါ။ ဒါကတော့ နားထဲမှာရှိတဲ့ အမည်းစက်တွေကို ဖယ်ရှားနိုင်ဖို့သင်လုပ်နိုင်တဲ့အရာတွေပါ။

နားကို မှန်မှန်ဆေးပါ

 

အညစ်အကြေးများ၊ အဆီပိုများနဲ့ တခြားအညစ်အကြေးများကို ဖယ်ရှားနိုင်ဖို့ နားရွက်ကို နေ့စဉ်ဆေးကြောပါ။

နားရွက်ကို သန့်စင်ပါ

Exfoliation က ချွေးပေါက်ပိတ်နေတဲ့ အရေပြားဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ Exfoliant အနည်းငယ်ကိုယူပြီး နားမှာရှိတဲ့ အမဲစက်တွေကို ညင်သာစွာ ပွတ်ပေးပါ။ 2-3 မိနစ်လောက်ထားပြီး ဂွမ်းလုံး သို့မဟုတ် နူးညံ့တဲ့ အဝတ်နဲ့သုတ်ပါ။ နားရွက်ကို တစ်ပတ်တစ်ကြိမ် သန့်စင်ပေးပါ။

ဝက်ခြံဆေးများသုံးပါ

Salicylic Acid၊ Glycolic Acid သို့မဟုတ် Alpha-Hydroxy Acids စတဲ့ ပါဝင်ပစ္စည်းတွေပါဝင်တဲ့ ဆေးဝါးတွေက ချွေးပေါက်များကို ပိတ်ဆို့စေပြီး အမဲစက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

အမဲစက်တွေကို ထုတ်ပါ

အပေါ်ကနည်းလမ်းတွေနဲ့အဆင်မပြေဘူးဆိုရင်တော့ အမဲစက်တွေကို ထုတ်ရမှာပါ။ ကိုယ်တိုင်လုပ်ဖို့‌တော့ ခက်ခဲနိုင်တာမလို့ အတွေ့အကြုံရှိတဲ့ နားလည်တဲ့လူနဲ့သာ လုပ်သင့်ပါတယ်။ လုပ်ပြီးရင်လည်း ပြန်ဖြစ်နိုင်တာကြောင့် သူတို့ကို ဘယ်လိုကာကွယ်ရမလဲဆိုတာ သိထားသင့်ပါတယ်။