အားလုံးပဲ မင်္ဂလာပါ။ ဒီတိုင်းထိုင်နေရင်တောင် ချွေးထွက်နေတတ်တဲ့ နွေရာသီရောက်လာပြီမို့ အများစုက ပင်ပင်ပန်းပန်း လေ့ကျင့်ခန်းလုပ်ရမှာကို စိတ်မပါကြတော့ပါဘူး။ ဒါ့အပြင် ရာသီဥတုပြင်းတဲ့အချိန် ချွေးထွက်အရမ်းများတာကလည်း အားပျက်ပြီးခေါင်းမူးတာ၊ ရေဓာတ်ခန်းခြောက်တာနဲ့ နှလုံးနဲ့ပက်သက်တဲ့ ပြဿနာတွေဖြစ်တတ်ပါတယ်။ ဒီလိုစိတ်ရှုပ်စရာ ရာသီဥတုကို အံ့တုပြီး လေ့ကျင့်ခန်းလုပ်နိုင်ဖို့ဆိုရင် အပူဒဏ်ခံနိုင်အောင် ခန္ဓာကိုယ်ကို အကြောလျှော့ကာ အနားပေးတတ်ဖို့က အရေးအကြီးဆုံးပါ။ ဒီတစ်ခေါက်မှာ ရာသီဥတုပူတဲ့အချိန် လေ့ကျင့်ခန်းလုပ်မယ့်သူတွေအတွက် အပူဒဏ်ကြောင့် ခန္ဓာကိုယ်မထိခိုက်အောင် လေ့ကျင့်ခန်းလုပ်ပြီးတိုင်း Cool Down အနေနဲ့ လုပ်ပေးသင့်တဲ့အရာတွေကို မျှဝေပေးလိုက်ပါတယ်။

Stretch လေ့ကျင့်ခန်းလုပ်ပါ


လေ့ကျင့်ခန်းလုပ်ပြီးချိန် ၁၀ မိနစ်လောက် အကြောလျှော့ကာ Stretch လုပ်ပေးတာက ကြွက်သားတွေကို ပြေလျှော့စေတာကြောင့် အကြောပြေပြီး နောက်တစ်နေ့မနက်မှာ ကြွက်သားနာကျင်နေတာတွေမဖြစ်အောင် ကာကွယ်ပေးမှာပါ။

ရေချိုးချလိုက်ပါ


Stretch လုပ်ပြီးချွေးတိတ်စဖြစ်ပြီဆိုတာနဲ့ ရေချိုးချလိုက်ဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ဘဲ ချွေးထွက်နေချိန် ဒီတိုင်းအကြာကြီးနေတာက ချွေးနဲ့ အပူရှပ်တာမျိုး ဖြစ်တတ်ပါတယ်။ ရေချိုးပြီးတဲ့နောက် နှလုံးခုန်နှုန်းလည်း ပုံမှန်ဖြစ်ကာ စိတ်ရောကိုယ်ပါ လန်းဆန်းသွားစေမှာပါ။

ရေသောက်ပေးပါ


ချွေးကြောင့် ရေဓာတ်ဆုံးရှုံးမှုမရှိရအောင် လေ့ကျင့်ခန်းလုပ်ပြီးချိန် ရေများများသောက်ပေးဖို့လည်း မမေ့ပါနဲ့နော်။ လေ့ကျင့်ခန်းလုပ်ဖြစ်တဲ့နေ့တွေမှာ ရေကို နှစ်လီတာနဲ့အထက် သောက်ပေးဖို့ လိုပါတယ်။

ပက်ပါမင့် လက်ဖက်ရည်သောက်လိုက်ပါ


ပူတဲ့ရာသီလေ့ကျင့်ခန်းလုပ်ပြီးချိန် ပက်ပါ့မင့် လက်ဖက်ရည်နွေးနွေးလေး သောက်ချလိုက်တာကလည်း ခေါင်းကြည်ပြီး သွေးလည်ပတ်မှုကောင်းတာမို့ ခန္ဓာကိုယ်ပေါ့ပါးသွားစေမှာပါ။

Photo Source: Pinterest

By MyStyle Myanmar