ခန္ဓာကိုယ်မှာ စွမ်းအင်လျော့ကျပြီး ပင်ပန်းနွမ်းနယ်သလိုခံစားရတဲ့အချိန်မျိုး လူတိုင်းကြုံဖူးကြမယ်ထင်ပါတယ်။ ဒီလိုခန္ဓာကိုယ်မှာ စွမ်းအင်လျော့ကျနေတဲ့အချိန်အမျိုးဆိုရင် အမောပန်းနွမ်းနယ်ခြင်း အားအင်ကုန်ခမ်းလွယ်ခြင်းတွေကိုခံစားရတက်ပြီး ဘာမှမလုပ်ချင်မကိုင်ချင် ဖြစ်တက်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ သင့်ခန္ဓာကိုယ်ကို သဘာဝအတိုင်းစွမ်းအင်ပြည့်ဝနေစေပြီး နေ့ရက်တိုင်းကို လန်းဆန်းတက်ကြွစွာဖြတ်သန်းနိုင်ဖို့ လိုက်နာသင့်တဲ့အချက်လေးတွေကို တင်ဆက်ပေးချင်ပါတယ်။

(၁) ရေများများသောက်ပါ

Photo : NK Realtors

ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝအောင်ဖြည့်တင်းပေးခြင်းက ပင်ပန်းနွမ်းနယ်ခြင်း၊ မောပန်းခြင်းတို့ကို တုတ်ထုတ်ပေးပြီး သဘာဝအတိုင်း စွမ်းအင်ပြည့်ဝလန်းဆန်းစေပါတယ်။ လေ့လာသူတွေကတော့ ခန္ဓာကိုယ်ရေဓာတ်ပြည့်ဝဖို့အထူးဂရုစိုက်သင့်ပြီး တစ်နေ့တာမှာ အနည်းဆုံးရေ ၆ ခွက်ခန့်သောက်သုံးပေးသင့်တယ်လို့ ဆိုပါတယ်။

(၂) လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ

Photo : Money Crashers

နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းက ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကိုကောင်းမွန်စေပြီး ဦးနှောက်သို့ သွေးစီးဆင်းမှုကိုတိုးတက်စေတာကြောင့် တစ်နေ့တာလုံးကိုလန်းဆန်းတက်ကြွစွာ ဖြတ်သန်းနိုင်ဖို့ကူညီပေးပါတယ်။ ညဘက်မှာလည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်တာကြောင့် မနက်ဖြန်တိုင်းက စွမ်းအင်ပြည့်ဝပြီးလန်းဆန်းတက်ကြွနေမှာပါ။

(၃) စိတ်ဖိစီးမှုလျော့ချပါ

Photo : Lifehack

စိတ်ဖိစီးမှုတွေက သင့်ခန္ဓာကိုယ်စွမ်းအင်တွေကို ဆုံးရှုံးသွားစေတဲ့ အဓိကအကြောင်းအရင်း တစ်ရပ်ဖြစ်ပါတယ်။ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာခံစားချက်တွေဟာ သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတက်ကြွလန်းဆန်းမှုတွေကို ဖျက်စီးပစ်နိုင်ပါတယ်။ ဒါ့ကြောင့်နေ့စဉ်ဘဝမှာ အတက်နိုင်ဆုံးစိတ်ဖိစီးမှုတွေကိုလျော့ချပေးပါ။ တရားထိုင်ခြင်း ယောဂလေ့ကျင့်ခန်းပြုလုပ်ခြင်းတွေ လုပ်ဆောင်ပါ။

(၄) အာဟာရပြည့်ဝအောင်စားပါ

Photo : Elite Daily

အစာအာဟာရကလည်း ခန္ဓာကိုယ်စွမ်းအင်ပြည့်ဝနေဖို့ရာမှာ အများကြီးအထောက်အပံ့ပေးပါတယ်။ စွမ်းအင်ပြည့်စေဖို့ အားဖြည့် အချိုရည်တွေ သောက်တာထက်ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ ဗီတာမင်ဓာတ် ပရိုတင်းဓာတ် အမျှင်ဓာတ်မြင့်မားသော အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ အခွံမာသီးများ နဲ့ ကျန်းမာသောအဆီဓာတ်ပါတဲ့ အစားအစာတွေကို မျှတလုံလောက်အောင်စားပေးဖို့လိုအပ်ပါတယ်။ ဒါမှလည်း ခန္ဓာကိုယ်မှာစွမ်းအင်ပြည့်ဝနေပြီး လန်းဆန်းတက်ကြွနေမှာဖြစ်ပါတယ်။