ကြက်ဆူဆီဆိုရင်တော့ တော်တော်များများက ဆံသားအတွက်ပဲ အသုံးဝင်တယ်လို့ ထင်ကြပါတယ်။ တကယ်တော့ ကြက်ဆူက အလှအပအတွက် အရမ်းကိုအသုံးဝင်တဲ့အရာပါ။ ဒီတော့ အလှအပအတွက် ကြက်ဆူဆီရဲ့ ကောင်းစွာအသုံးဝင်ပုံ ၄ မျိုးကို ပြောပြပေးလိုက်ပါတယ်။

ဆံသားအတွက်

ဆံသားအတွက် ကြက်ဆူဆီရဲ့ ကောင်းစွာအသုံးဝင်ပုံကတော့ အထူးသဖြင့် ဆံပင်ဖြူတာ၊ ဆံပင်ကျွတ်တာနဲ့ ဆံပင်သန်စွမ်းဖို့အတွက်ပါ။ ခေါင်းမလျှော်ခင် ကြက်ဆူဆီကို ဆံသားမှာ လိမ်းပြီး အချိန်ကြာကြာထားလိုက်ပါ။ ပြီးမှ ခေါင်းလျှော်ချလိုက်ပါ။ ဒီနည်းလမ်းကို တစ်ပတ်တစ်ခါ ပုံမှန်လုပ်ပေးမယ်ဆိုရင် ဆံပင်ဖြူတာ သက်သာပြီး ဆံပင်ကျွတ်တာလည်း သက်သာလာပါမယ်။ ဆံပင်လည်း သန်စွမ်းကျန်းမာလာမယ်၊ အရှည်မြန်လာပါမယ်။

မျက်တောင်ရှည်ဖို့အတွက်

မျက်တောင်လေးတွေ ရှည်ချင်တယ်ဆိုရင် ကြက်ဆူဆီကိုသာသုံးပါ။ လုပ်ရမယ့်နည်းလမ်းကလည်း အရမ်းကိုလွယ်ပါတယ်။ ကြက်ဆူဆီကို မျက်တောင်ကော့တဲ့ Mascara အတံလေးနဲ့ယူပြီး မျက်တောင်ကော့ပေးပါ။ ညတိုင်း (သို့) တစ်နေ့ ၂ ကြိမ် အမြဲတမ်းလုပ်ပေးသွားရင် နည်းနည်းချင်းစီ မျက်တောင်လေးတွေ ရှည်လာပါလိမ့်မယ်။

ခြေဖနောင့်ကွဲတာအတွက်

ခြေဖနောင့်အက်ကွဲနေရင်လည်း ကြက်ဆူဆီကို သုံးပေးလို့ရပါတယ်။ လုပ်ရမှာလည်း လွယ်ပါတယ်။ ဇလုံတစ်လုံးထဲကို ရေနွေးထည့်ပြီး ကြက်ဆူဆီ စားပွဲတင်ဇွန်းတစ်ဇွန်းထည့်ပါ။ ပြီးမှ ၁၅ မိနစ်လောက် ခြေထောက်ထည့်စိမ်ထားလိုက်ပါ။ ဒါဆိုရင်တော့ ခြေဖနောင့်အက်ကွဲတာတွေ သက်သာလာပါလိမ့်မယ်။ မပျောက်မချင်း နေ့တိုင်းသာ ပုံမှန်လုပ်ပေးပါ။

ဝက်ခြံအတွက်

ဝက်ခြံရှိရင်လည်း ကြက်ဆူဆီနဲ့ သက်သာအောင် လုပ်လို့ရပါတယ်။ ဒါပေမယ့် sensitive skin တွေနဲ့ ကြက်ဆူဆီနဲ့မတည့်တဲ့ skin ဆိုရင်တော့ မလုပ်သင့်ပါဘူး။ လုပ်ရမယ့်နည်းလမ်းကတော့ ကြက်ဆူဆီကို လက်နဲ့တို့ယူပြီး ဝက်ခြံထွက်တဲ့နေရာမှာ စက်ဝိုင်းပုံစံ ပွတ်ပြီးလိမ်းပေးရုံပါပဲ။ ပြီးရင်တော့ တစ်ညထားပြီး မနက်ရောက်မှ ရေကြက်သီးနွေးနဲ့ မျက်နှာသစ်လိုက်ပါ။ ဝက်ခြံတွေ မြန်မြန်ပျောက်စေပါတယ်။