ပြတ်ပြီးသွားရင် ရည်းစားဟောင်းတွေကို social media မှာ block သင့်တယ်၊ မ block သင့်ဘူးနဲ့ အမျိုးမျိုးတွေးနေကြပေမယ့် ဒီလိုလူ ၄ မျိုးကတော့ ရည်းစားဟောင်းတွေကို social media မှာ block ထားသင့်ပါတယ်။
ရည်းစားဟောင်းကိုမမေ့နိုင်တဲ့သူ
ရည်းစားဟောင်းကို မမေ့နိုင်တဲ့သူတွေက တစ်ချိန်လုံး သူ့အကောင့်တွေထဲဝင်ကြည့်ပြီး ခံစားနေရမှာပါ။ ဝင်ကြည့်တိုင်း ပိုသတိရပြီး ဝမ်းနည်းလာပါလိမ့်မယ်။ သတိရတိုင်းဝင်ကြည့်လိုက်၊ ပိုသတိရလိုက်နဲ့ မေ့နိုင်ဖို့ ပိုပြီးခက်ခဲလာပါလိမ့်မယ်။ ဒါကြောင့် ရည်းစားဟောင်းကို မြန်မြန်မေ့ပစ်နိုင်ဖို့ သူနဲ့ပတ်သက်တာတွေ အကုန်လုံးကို ဖျက်ပစ်ရမယ့်အပြင် social media တွေမှာပါ block ထားလိုက်ပါ။
ရည်းစားဟောင်းကိုမုန်းပြီးနာကျည်းနေတဲ့သူ
ရည်းစားဟောင်းကို အကြောင်းတစ်ခုခုကြောင့် အရမ်းကိုမုန်းသွားပြီး နာကျည်းနေတဲ့သူတွေက social media မှာလည်း block ထားလိုက်ပါ။ မြင်နေရရင် ပိုစိတ်တိုပြီး ဒေါသထွက်ရမယ်။ အကုသိုလ်ပိုများရပါမယ်။ သူနဲ့ပတ်သက်တာ တစ်စုံတစ်ခု ကိုယ့်မျက်စိရှေ့ရောက်လာတိုင်းမှာ မုန်းတဲ့စိတ်တွေ ပိုတိုးလာရင် ကိုယ်ပဲပင်ပန်းရပါတယ်။ ဒါကြောင့် စိတ်အနှောင့်အယှက်အဖြစ်မခံပဲ block ထားလိုက်ပါ။
အရမ်းစိတ်ခံစားလွယ်တဲ့သူ
အရမ်းစိတ်ခံစားလွယ်တဲ့သူတွေက တစ်ခုခုကို သူများပိုဝမ်းနည်းတတ်တယ်၊ စိတ်မကောင်းဖြစ်ပြီး တစ်ချိန်လုံးတွေးနေတတ်တယ်၊ စိတ်တိုဒေါသထွက်ရင်လည်း တစ်နုတ်နုတ်နဲ့ သူများထက်ပိုဆိုးတာကြောင့် ကိုယ့်စိတ်ကိုမနိုင်ရင် block ထားလိုက်ပါ။
လုံးဝကိုပြန်မပတ်သက်ချင်တော့တဲ့သူ
ရည်းစားဟောင်းနဲ့ပြတ်ပြီး လုံးဝပြန်ပတ်သက်ချင်စိတ်မရှိတဲ့သူ၊ အပြီးတိုင်မေ့ပစ်လိုက်ချင်ပြီး ကိုယ့်ဘဝထဲကနေပါ ထုတ်ပစ်လိုက်ချင်တယ်ဆိုရင် မျက်စိရှေ့မှာပါပေါ်မလာတော့အောင် block ထားလိုက်ပါ။ သူ့ဘက်ကနေလည်း အလွယ်တကူ ပြန်ဆက်သွယ်လာလို့မရအောင် ရှိသမျှ social media တွေအကုန်လုံးကနေသာ block ထားလိုက်ပါ။