အချစ်ရေးမှာ စိတ်ချမ်းသာပြီး ပျော်ရွှင်ရတယ်ဆိုတာက ကိုယ်ရွေးချယ်ထားတဲ့သူနဲ့လည်း ဆိုင်ပါတယ်။ မတွဲသင့်တဲ့သူနဲ့တွဲမိရင် အမြဲတမ်း စိတ်ညစ်ပြီး နာကျင်နေရမှာပါ။ ပျော်ရတဲ့အချိန်ထက် နာကျင်ရတဲ့အချိန်တွေက ပိုများနေမှာပါ။ ဒါကြောင့် အချစ်ရေးမှာ စိတ်ညစ်စရာတွေနည်းပြီး ပျော်ရွှင်နိုင်ဖို့ဆိုရင် ဒီလိုလူ ၄ မျိုးနဲ့ မတွဲပါနဲ့။

အလိမ်အညာများတဲ့သူ

ဒီလူက အရမ်းကိုလိမ်ညာတတ်တယ်ဆိုတာကို မသိလို့တွဲမိရင်တော့ အရမ်းပုံအောပြီး မချစ်လိုက်ပါနဲ့။ တကယ်လို့ ရည်းစားမဖြစ်ခင်ထဲက သူဟာအရမ်းလိမ်ညာတတ်ပြီး အကွက်ရွေ့တတ်တဲ့သူမှန်း သိရင်တော့ ကိုယ့်ကိုယ်ချစ်တဲ့စိတ်နဲ့ ပြင်မလားလို့ မျှော်လင့်ပြီး မတွဲလိုက်ပါနဲ့။ လိမ်ညာတတ်လွန်းတဲ့သူနဲ့တွဲရင် ကိုယ်ပဲစိတ်ညစ်ရမယ်၊ ပြဿနာတွေတက်ပြီး ခဏခဏရန်ဖြစ် စကားများရလို့ ပျော်ရွှင်ရမှာ၊ စိတ်ချမ်းသာရမှာ မဟုတ်ပါဘူး။

မျက်နှာများတဲ့သူ

ပွေရှုပ်ပြီး မျက်နှာများတဲ့သူနဲ့တွဲရင်တော့ ဘယ်လိုမှစိတ်ချမ်းသာ ပျော်ရွှင်ရမှာ မဟုတ်ဘူးဆိုတာကို သိမှာပါ။ ချစ်တဲ့စိတ်နဲ့ ခေါင်းမာပြီးတွဲမယ်၊ ကိုယ့်ကိုချစ်ရင် ပြင်မှာပါ၊ ကိုယ်ပြုပြင်ပေးရင် ပြောင်းလဲသွားမှာပါဆိုပြီး တွေးလိုက်မိရင်တော့ မှားသွားနိုင်ပါတယ်။ အမြဲတမ်းပျော်ရွှင်ပြီး စိတ်ချမ်းသာရတဲ့ Relationship ကို လိုချင်ရင် မျက်နှာများတဲ့သူကို ရှောင်တာအကောင်းဆုံးပါပဲ။

အရမ်းတစ်ကိုယ်ကောင်းဆန်တဲ့သူ

အရမ်းတစ်ကိုယ်ကောင်းဆန်တဲ့သူတွေက သူတို့အတွက်ပဲ သူတို့သိတာပါ။ တစ်ဖက်လူအတွက်တွေးပေးတာ၊ စဉ်းစားပေးတာမျိုးမရှိတဲ့အတွက် သင်ဘာဖြစ်ဖြစ် ဂရုစိုက်မှာမဟုတ်ပါဘူး။ သူတို့လုပ်ချင်တာကို လုပ်မယ့်သူမျိုးတွေပါ။

ဒေါသကြီးပြီးအနိုင်ကျင့်တဲ့သူ

ဒေါသကြီးပြီး အနိုင်ကျင်တာက သာမာန်မဟုတ်ပဲ လက်ပါတာမျိုးတွေ၊ တစ်ခုခုဆို လူကြားထဲလည်း အော်ဟစ်ဆဲဆိုတာမျိုးတွေ လုပ်တတ်တဲ့သူနဲ့ မတွဲတာကောင်းပါတယ်။ ဒီလိုလူမျိုးနဲ့တွဲမိရင် စိတ်ညစ်နေရမယ့်အပြင် ခဏခဏလည်း အရှက်ကွဲတာမျိုးတွေ ကြုံတွေ့ရမှာပါ။ ကိုယ်ထိလက်ရောက် အလုပ်ခံရတာတွေ များလာရင် ကိုယ့်မှာ စိတ်ဒဏ်ရာတောင် ရသွားနိုင်ပါတယ်။