တချို့ကျတော့ ရည်းစားထားတာထက် တစ်ယောက်ထဲ single အဖြစ်နဲ့နေတာကို ပိုနှစ်သက်နေတဲ့သူတွေ အများကြီးရှိမှာပါ။ အထူးသဖြင့်တော့ ဒီလိုသူ ၄ မျိုးက ရည်းစားမထားပဲ single အဖြစ်နေတာနဲ့ပဲ အချိန်ကြာကြာ ဆက်နေဖြစ်အုံးမယ့်သူတွေပါ။ အဲ့ ၄ မျိုးထဲမှာ သင်လည်းပါနေနိုင်ပါတယ်။

ဘယ်သူ့ကိုမှစိတ်တိုင်းမကျတဲ့သူ

ရည်းစားဆိုရင် ဘယ်လိုဖြစ်မှ၊ ဘယ်လိုပုံစံရှိမှ၊ အရာရာပြည့်စုံနေမှဆိုပြီး အရမ်းရွေးလွန်းတာ၊ လာကြိုက်သမျှသူတိုင်းကို စိတ်တိုင်းမကျတာတွေကြောင့် ဘယ်သူ့ကိုမှမရွေးဖြစ်ပဲ single ပဲ ဆက်လုပ်နေတဲ့သူတွေ အများကြီးပါ။ သေချာတာတော့ ဘယ်လောက်ကောင်းနေပါစေ ဘယ်သူ့ကိုမှ စိတ်တိုင်းမကျတဲ့သူတွေက single အဖြစ်နဲ့ပဲ အကြာကြီးဆက်နေရအုံးမှာပါ။

အချစ်နဲ့ပတ်သက်ပြီးအယုံအကြည်မရှိတဲ့သူ

အချစ်နဲ့ပတ်သက်ပြီး အယုံအကြည်မရှိတော့တဲ့သူတွေက တစ်ယောက်ထဲပဲ အချိန်ကြာကြာ single ဆက်လုပ်နေမယ့်သူတွေပါပဲ။ ကိုယ့်ကိုတကယ်ချစ်တဲ့သူကိုတောင် သံသယတွေနဲ့ မယုံကြည်တာမျိုးဖြစ်ပြီး ရည်းစားကို ထပ်မထားချင်တော့တာပါ။ ဒါက ကိုယ့်ရဲ့အတိတ်မှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

အပူအပင်ကင်းတာပဲလိုချင်တဲ့သူ

နည်းနည်းလေးမှ စိတ်ညစ်မခံနိုင်ဘူး၊ စိတ်ရှုပ်မခံချင်ဘူး၊ အပူအပင်ကင်းတာပဲ လိုချင်တယ်၊ RS တွေကိုတောင် အပူတွေလို့မြင်တယ်၊ လွတ်လွတ်လပ်လပ် နေရတာပဲကြိုက်တယ်ဆိုပြီး အမြဲတွေးနေတဲ့သူတွေကလည်း ရည်းစားမထားတော့ပဲ အချိန်အကြာကြီး single လုပ်နေမယ့်သူတွေပါပဲ။

စိတ်ရှုပ်မခံချင်တဲ့သူ

ရည်းစားထားရင်တော့ အနည်းနဲ့အများ စိတ်ရှုပ်ရတာလေးတွေ ရှိမှာပါ။ ဒီလိုစိတ်ရှုပ်မခံချင်တဲ့သူ၊ ချုပ်ချယ်တာတွေမကြိုက်တဲ့သူ၊ ပြဿနာတွေဖြေရှင်းရတာမျိုး၊ ကိုယ့်ကိုလိုက်ကြည့်ပြီး ပြောနေမှာမျိုးကို လုံးဝမကြိုက်တဲ့သူတွေကလည်း ရည်းစားထားဖို့ကို တော်တော်စဉ်းစားယူကြမယ့်သူတွေပါ။ ပြီးရင်လည်း စိတ်ရှုပ်မခံနိုင်ဘူး၊ အာရုံနောက်မခံနိုင်ဘူးဆိုပြီး ရည်းစားမထားပဲ တစ်ယောက်ထဲ single ဆက်လုပ်ဖို့ကိုပဲ ရွေးချယ်ကြမယ့်သူတွေပါ။