ဆံသားပျက်စီးနေတဲ့သူတွေအတွက် ဆံသားပျက်စီးတာ သက်သာစေဖို့ အိမ်မှာအလွယ်တကူလုပ်လို့ရတဲ့ ပေါင်းတင်နည်း ၄ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ကိုယ်အဆင်ပြေတဲ့တစ်မျိုးကိုပဲ ရွေးလုပ်ရုံဆိုတော့ လူတိုင်းလုပ်ဖို့အတွက် အဆင်ပြေမှာပါ။

ထောပတ်သီးနဲ့ကြက်ဥ

ထောပတ်သီးအမှည့်ကို အသားတွေခြစ်ထုတ်ပြီး ပန်းကန်လုံးထဲထည့်ချေပေးပါ။ ကျေညှက်သွားအောင် ချေပြီးရင်တော့ ကြက်ဥတစ်လုံးဖောက်ထည့်ပြီး ခလောက်ပေးပါ။ ပြီးရင်တော့ ဦးရေပြားကိုမထိအောင် ဆံသားကိုပဲ သေချာနှံ့အောင်လိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးရင်တော့ ခေါင်းလျှော်လိုက်ရုံပါပဲ။ ဆံသားပျက်စီးနေတာတွေ သက်သာစေပြီး ဆံပင်သန်စေပါတယ်။

ကြက်ဥနဲ့အုန်းဆီ

ပန်းကန်ထဲကို ကြက်ဥတစ်လုံးနဲ့ အုန်းဆီ – စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပြီး ခလောက်ပေးပါ။ ပြီးရင်တော့ ဦးရေပြားနဲ့ ဆံသားအနှံ့ သေချာလိမ်းပေးပါ။ Brush နဲ့ယူပြီးလိမ်းရင် ပိုအဆင်ပြေမှာပါ။ ပြီးရင်တော့ မိနစ် ၃၀ ထားပြီး ခေါင်းသေချာပြန်လျှော်ပေးပါ။ ဆံသားပျက်စီးနေတာတွေကို သက်သာစေပြီး ဆံသားချောမွေ့လာစေပါတယ်။

သံလွင်ဆီ

သံလွင်ဆီစစ်စစ်ကို ဦးရေပြားနဲ့ ဆံသားအနှံ့ လိမ်းပေးကာ ဦးရေပြားကို လက်ချောင်းလေးတွေနဲ့ Massage လုပ်နှိပ်နယ်ပေးပါ။ မိနစ် ၃၀ လောက်ထားပြီးရင်တော့ ခေါင်းလျှော်လိုက်ရုံပါပဲ။ ဒါကတော့ အလွယ်ကူဆုံး နည်းလမ်းပါပဲ။ ဆံသားပျက်စီးတာတွေ၊ ဆံပင်နှစ်ခွဖြစ်တာ၊ ဆံပင်ခြောက်သွေ့ပြီးဖွာတာ သက်သာစေပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးကို အခွံခွာပြီး ကျေညက်သွားအောင် ချေပေးပါ။ ချေပြီးရင် လက်နဲ့ဲယူပြီး ဆံပင်အဖျားကနေ အရင်းထိရောက်အောင် သေချာလိမ်းပေးပါ။ ပြီးရင်တော့ Shower Cap နဲ့အုပ်ထားပြီး တစ်နာရီထားပါ။ အချိန်ပြည့်ရင် ရေကြက်သီးနွေးနဲ့ ခေါင်းလျှော်ပေးပါ။ ဆံသားပျက်စီးတာတွေ သက်သာစေပြီး ဆံပင်နှစ်ခွဖြစ်တာတွေလည်း သက်သာစေပါတယ်။