အဆီပြန်တဲ့အသားအရေအတွက် ပျားရည်နဲ့ မျက်နှာပေါင်းတင်နိုင်မယ့် နည်းလမ်း ၄ မျိုးကို မျှဝေပေးလိုက်ပါတယ်။ အိမ်မှာ အလွယ်တကူပေါင်းတင်လို့ရမယ့် နည်းလမ်းတွေဖြစ်တာကြောင့် လူတိုင်းအတွက် လုပ်ရတာအဆင်ပြေမှာပါ။

အုတ်ဂျုံနဲ့ပျားရည်

အုတ်ဂျုံ – စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်းတို့ကို ချေပြီးရောမွှေပေးပါ။ ပြီးရင် မျက်နှာကို Scrub တိုက်သလို ဖြေးဖြေးချင်းစီ Circular Motion ပွတ်ပေးပါ။ ၅ မိနစ်လောက်ပွတ်ပြီးရင် မျက်နှာသစ်လို့ရပါပြီ။ အဆီပြန်တာ သက်သာစေပြီး အသားအရေချောမွေ့စေပါတယ်။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်တော့ တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ပေးရပါမယ်။

နနွင်းမှုန့်နဲ့ပျားရည်

နနွင်းမှုန့် – အနည်းငယ်ကို ပျားရည် – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ရောမွှေပြီး မျက်နှာကိုလိမ်းပေးပါ။ မိနစ် ၂၀ ထားပြီးရင် မျက်နှာသစ်လိုက်လို့ရပါပြီ။ ဒီနည်းလမ်းကတော့ အသားအရေ Brightening ဖြစ်စေပြီး အဆီပြန်တာလည်း သက်သာစေပါတယ်။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင်တော့ တစ်ပတ် နှစ်ကြိမ် ပုံမှန်လုပ်ပေးပါ။

သံပယိုရည်နဲ့ပျားရည်

သံပယိုရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ပျားရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရောမွှေပြီး မျက်နှာမှာလိမ်းပေးပါ။ ၁၀ မိနစ်ထားပြီးမှ ရေကြက်သီးနွေးနဲ့ မျက်နှာသစ်ပေးပါ။ အဆီပြန်တာ သက်သာစေပြီး ဝက်ခြံသက်သာစေတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ ဒီနည်းလမ်းကို လုပ်မယ်ဆိုရင် Result ပြောင်းလဲလာတဲ့အထိ ၂ ရက်ခြားတစ်ခါ ပုံမှန်လုပ်ပေးပါ။

နွားနို့နဲ့ပျားရည်

နွားနို့နဲ့ပျားရည်ကို ဆတူရောမွှေပြီး မျက်နှာကို လိမ်းပေးရမှာပါ။ လိမ်းထားတာ ခြောက်သွားပြီဆိုမှ မျက်နှာသစ်ပေးပါ။ ဒီနည်းလမ်းကတော့ အသားအရေကို Hydrating ပေးပြီး Brightening ဖြစ်လာစေပါတယ်။ သိသာတဲ့ Result ကို ရရှိတဲ့အထိ နေ့တိုင်း တစ်နေ့တစ်ကြိမ် ပုံမှန်လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။