သက်ကြီးရွယ်အိုများနဲ့ ဦးနှောက်ကျန်းမာရေး ပိုတိုးတက်ကောင်းမွန်လာချင်တဲ့ သူတွေအတွက် ဦးနှောက်ကျန်းမာရေးကို မြှင့်တင်ပေးမယ့် လေ့ကျင့်ခန်း ၄ မျိုးကို မျှဝေပေးလိုက်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ သတိမေ့တတ်တာတွေ၊ မှတ်ဉာဏ်လျော့ကျတာတွေက ဖြစ်လာတဲ့အတွက် အသက် ၄၀ ဝန်းကျင်ကနေစပြီး လုပ်ပေးရင်တော့ အကောင်းဆုံးပါပဲ။

ကခုန်ခြင်း

Zumba တို့လိုမျိုး ကခုန်ပေးရတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပေးခြင်းက စိတ်ရောကိုယ်ပါ လွတ်လပ်ပေါ့ပါးပြီး ပျော်ရွှင်မှုကို ရရှိစေပါတယ်။ စိတ်ကျရောဂါဖြစ်နိုင်ချေကိုလည်း လျှော့ချပေးပြီး စိတ်ညစ်နွမ်းနေတာတွေ၊ စိတ်ညစ်တာ၊ စိတ်ရှုပ်ထွေးနေတာ၊ ခေါင်းရှုပ်တာတွေကိုလည်း ပျောက်စေပါတယ်။ ဉာဏ်ရည်ဉာဏ်သွေး ကောင်းမွန်စေပြီး အတွေးအခေါ်အသစ်တွေလည်း တိုးပွားလာစေပါတယ်။

စက်ဘီးစီးခြင်း

တစ်နေ့ကို မိနစ် ၃၀ လောက်ပဲဖြစ်ဖြစ် စက်ဘီးစီးပေးခြင်းက ဦးနှောက်ကျန်းမာရေးကို ကောင်းမွန်စေပြီး အယ်လ်ဇိုင်းမားကဲ့သို့သော ရောဂါဖြစ်ပွားမှုတွေကို လျော့ကျစေပါတယ်။ အာရုံကြောအားကောင်းစေပြီး အထိုင်များတဲ့သူတွေအတွက်လည်း အရမ်းကောင်းတဲ့ ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။

Brisk Walking

Brisk Walking ကဲ့သို့သော အမြန်လမ်းလျှောက်ခြင်းက ကျန်းမာရေးအတွက် အရမ်းကောင်းပါတယ်။ အသက်ကြီးတဲ့သူတွေဆို ပိုတောင်လျှောက်ပေးသင့်ပါတယ်။ ခြေလှမ်းပေါင်း ၄၀၀၀ ကျော် လမ်းလျှောက်ပေးခြင်းက အသက်ကြီးတဲ့သူတွေအတွက် မှတ်ဉာဏ်အား ပိုကောင်းလာစေတယ်၊ အသက်ကြီးရင်ဖြစ်တတ်တဲ့ သတိမေ့လွယ်တာ၊ အယ်လ်ဇိုင်းမားရောဂါ စတာတွေ ဖြစ်ပွားမှုနှုန်းကိုလည်း လျှော့ချပေးပါတယ်။

Tai Chi

Tai Chi လေ့ကျင့်ခန်းလုပ်ပေးခြင်းကလည်း မှတ်ဉာဏ်ကို မြှင့်တင်ပေးနိုင်တဲ့အပြင် စိတ်ပိုင်းဆိုင်ရာကို ထိန်းညှိပေးပြီး စိတ်ဖိစီးမှုတွေကို လျှော့ချပေးပါတယ်။ Tai Chi လေ့ကျင့်ခန်းလုပ်တာက လွယ်ကူပြီး အဆစ်များ ထိခိုက်မှုနည်းစေတာကြောင့် သက်ကြီးရွယ်အိုတွေနဲ့ လေ့ကျင့်ခန်းစလုပ်မယ့် သူတွေအတွက် အထူးသင့်တော်ပါတယ်။ လုပ်မယ်ဆိုရင်တော့ နည်းပြဆရာနဲ့ သေချာလေးသင်ယူပြီး လုပ်ပေးပါ။