တချို့ရည်းစားဟောင်းတွေကျတော့ ပြတ်သွားပေမယ့် ကိုယ့်ဘက်ကချစ်နေသေးရင် သူပြန်မလားဆိုပြီး မျှော်လင့်လို့ရပါတယ်။ ပြန်လာရင်လည်း နှစ်ယောက်လုံးချစ်တယ်ဆို ပြန်တွဲသင့်ပါတယ်။ ဒါပေမယ့် တချို့ရည်းစားဟောင်းတွေကျတော့ ကိုယ့်ဘက်က ချစ်နေသေးရင်တောင် မေ့ပစ်ရမယ့်သူမျိုးတွေပါ။ သင့်ဘက်က မမေ့နိုင်ပဲ ချစ်နေသေးရင်တောင်မှ မျှော်လင့်ချက်တွေမထားတော့ပဲ မေ့ပစ်လိုက်သင့်တဲ့ ရည်းစားဟောင်းအမျိုးအစား ၄ မျိုး ရှိပါတယ်။

ဖောက်ပြန်ခဲ့တဲ့သူ

ကိုယ့်အပေါ်မှာ ဖောက်ပြန်ခဲ့လို့ ပြတ်သွားရတဲ့ ရည်းစားဟောင်းကိုတော့ မျှော်လင့်မနေသင့်ပါဘူး။ ဒီလိုလူမျိုးတွေကို ချစ်နေသေးရင်တောင်မှ စိတ်နာပြီး မေ့ပစ်ရမှာပါ။ ကိုယ့်ကိုမမေ့နိုင်လို့ပြန်လာရင်တောင်မှ လက်မခံသင့်ပါဘူး။ တစ်ခါဖောက်ပြန်ဖူးတဲ့သူက နောက်ထပ်မဖောက်ပြန်ဘူးလို့ အာမမခံနိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုသာ တကယ်ချစ်ရင် ဖောက်ပြန်စရာကိစ္စဆိုတာ ရှိခဲ့မှာမဟုတ်ပါဘူး။

ကိုယ့်ကိုနာကျင်စေခဲ့တဲ့သူ

တွဲခဲ့တဲ့တောက်လျှောက် သူ့ကြောင့်နဲ့ ကိုယ်ကနာကျင်ခံစားခဲ့ရတယ်ဆိုရင် ဆက်မချစ်သင့်တော့ပါဘူး။ ပြတ်သွားတဲ့အတိုင်းပဲ မြန်မြန်မေ့နိုင်အောင် ကြိုးစားရမှာပါ။ တော်တော်များများက ကိုယ့်အပေါ်နာကျင်စေခဲ့တဲ့သူကိုမှ စွဲလမ်းနေတတ်ပါတယ်။ ဒီလိုစွဲလမ်းနေရင် ကိုယ်ပဲပိုပြီးခံစားရမှာပါ။

ကိုယ့်ကိုမချစ်တော့ဘူးပြောခဲ့တဲ့သူ

ပြတ်သွားတဲ့အကြောင်းအရင်းက ကိုယ့်ကိုမချစ်တော့လို့၊ ကိုယ်နဲ့မတွဲချင်တော့လို့၊ ကိုယ့်ကိုမချစ်တော့ဘူးဆိုပြီး ပြောခဲ့တဲ့သူကိုတော့ မေ့ပစ်လိုက်သင့်ပါပြီ။ ကိုယ့်ကိုမချစ်တော့ပါဘူးဆိုတဲ့သူဆီက ပြန်လာဖို့ကို မျှော်နေတာက ကိုယ့်ကိုယ်ကိုနှိပ်စက်နေတာနဲ့ တူတူပါပဲ။

ကိုယ်နဲ့ပြတ်ပြီးနောက်တစ်ယောက်ရသွားတဲ့သူ

အကြောင်းအမျိုးမျိုးကြောင့် ကိုယ်နဲ့ပြတ်သွားပြီး သူကလည်း ရည်းစားမထားတော့ပဲ single ပဲဖြစ်နေသေးတယ်ဆိုရင်တော့ မျှော်လင့်လို့ရပါတယ်။ ဆက်ပြီးလည်းချစ်လို့ရပါတယ်။ ဒါပေမယ့် ကိုယ်နဲ့ပြတ်ပြီးတော့ သူ့မှာလည်း နောက်တစ်ယောက်ရသွားပြီဆိုရင် မေ့ပစ်လိုက်ပါတော့။ သူတောင် နောက်တစ်ယောက်ကို ပြောင်းချစ်နေပြီပဲ ကိုယ်လည်း မြန်မြန် move on လုပ်ပြီး ကိုယ့်အတွက် အကောင်းဆုံးတွေကို ဖန်တီးရတော့မှာပေါ့။