တောက်ပစိုပြေတဲ့အသားအရေကို ပိုင်ဆိုင်ဖို့က သေချာလေး ဂရုစိုက်ပေးမှ ပိုင်ဆိုင်နိုင်မှာပါ။ တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်ဖို့ ဆောင်ရန်ရှောင်ရန်တွေကို သင်သိပြီးဖြစ်မှာပါ။ ဒီတစ်ခေါက်မှာတော့ သင်မသိလောက်သေးတဲ့ အသားအရေစိုပြေဖို့ရာ အကြံပေးချက်တွေကို ဖော်ပြပါရစေ။

၁။ မိတ်ကပ်လိမ်းပြီးတော့ အိပ်ယာဝင်တာမျိုးမလုပ်ပါနဲ့

မိတ်ကပ်နဲ့ အိပ်တာကြောင့် ချွေးပေါက်ပိတ်စေပါတယ်။ Cleansing Oil နဲ့ သန့်စင်ပြီး မျက်နှာသစ်ဆေးနဲ့ ထပ်သန့်စင်တဲ့ Double Cleansing ကိုလုပ်သင့်ပါတယ်။

၂။ မျက်နှာသုတ်တဲ့အခါ ပွတ်ဆွဲတာမျိုးမလုပ်ပါနဲ့

ကျွန်မတို့အများစုက ရေသုတ်တဲ့အခါ မျက်နှာကို ဆွဲပွတ်သွားတတ်ပါတယ်။ ဆွဲသုတ်တာမျိုးမလုပ်ဘဲ မျက်နှာသုတ်ပဝါနဲ့ ပုတ်ပြီး သုတ်ပေးသင့်ပါတယ်။

၃။ Hyaluronic Acid ပါဝင်တဲ့ Serum ကိုသုံးပေးပါ

Hyaluronic Acid ပါဝင်တဲ့ Serum ကို နေ့ကော ညပါ သုံးပေးသင့်ပါတယ်။

၄။ Skincare တွေကိုလိမ်းတဲ့အခါ

Skin Care တွေကို လိမ်းတဲ့အချိန်မှာလည်း ဆွဲပွတ်တာထက် ပုတ်ပြီး အသားထဲ စိမ့်ဝင်အောင် လိမ်းပေးသင့်ပါတယ်။ ပုတ်လိမ်းပေးတဲ့အခါ သွေးလည်ပတ်မှုကောင်းစေပြီး Collagen ထုတ်လုပ်မှုကို ပိုအားကောင်းစေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar