တကယ်လို့ သင့်အတွက် Gym ရုံနဲ့ Gym ကစားမှုဟာ အခုမှ ပထမဆုံးအကြိမ်ဆိုရင် ကိစ္စတော်တော်များများဟာ ခက်ခဲနေပါလိမ့်မယ်။ Gym နဲ့ ပတ်သက်ပြီး စိမ်းနေတဲ့သူတွေအတွက် သိထားသင့်တဲ့ အချက်တစ်ချို့ကို မျှဝေချင်ပါတယ်။

(၁) သိပ်မလောပါနဲ့

Photo: Shutterstock

အခုမှ Gym ကစားမယ်ဆိုရင် တအားကြီး လေ့ကျင့်ခန်းတွေ လုပ်စရာ မလိုပါဘူး။ ဒါဟာ အမှားတစ်ခုကို ကျူးလွန်လိုက်တာပဲ ဖြစ်ပါတယ်။ Gym စပြီး ကစားတဲ့သူတစ်ယောက်အနေနဲ့ စစချင်း ဆောက်နဲ့ထွင်းဆိုသလို Weight တွေ အတင်းမပစ်မယ် ၊ Workout တွေ အကြိမ်အများကြီး လုပ်ပစ်မယ်ဆိုရင် တစ်ပတ်လောက် လမ်းမလျှောက်နိုင်အောင် ကြွက်သားတွေ ထိခိုက်ဒဏ်ရာ ရသွားနိုင်ပါတယ်။

(၂) အခြေခံက စပါ

Photo: Shutterstock

အရင်ဆုံး ပေါ့ပေါ့ပါးပါး ကစားတာမျိုးနဲ့ Workout ကစားနည်း သိအောင် လုပ်တာမျိုးက စတင်ပါ။ Gym ပထမပတ်တွေမှာ Squat ထိုင်တာ ၊ Plank ထောက်တာနဲ့ Pushup အိပ်ထမတင်တာမျိုးတွေနဲ့ စတင်သင့်ပါတယ်။

(၃) ဒါတွေ ယူသွားပါ

Photo: Shutterstock

Gym သွားမယ်ဆိုရင် သင့်ဖက်ရှင်ကိုပါ ပြောင်းလိုက်ပါ။ ချွေးစိုခံပြီး လှုပ်ရှားရ လွယ်ကူစေမယ့် အားကစားဝတ်စုံ ၊ အားကစားဖိနပ်တစ်ရံ ၊ မျက်နှာသုတ်ပုဝါ ၊ ရေဗူးနဲ့ တကယ်လို့ Workout လုပ်ချိန် သီချင်းနားထောင်ချင်တယ်ဆိုရင် Wireless earpod တို့ ယူသွားသင့်ပါတယ်။

(၄) သွေးပူလေ့ကျင့်ခန်းလုပ်ဖို့ မမေ့ပါနဲ့

Photo: Shutterstock

Warm Up လုပ်ခြင်းရဲ့ အကျိုးဟာ သိပ်ကို အရေးပါပါတယ်။ သွေးပူလေ့ကျင့်ခန်း မလုပ်ဘဲနဲ့ အားကစားလုပ်တာမျိုး ရှောင်ပါ။ အားကစားလုပ်ပြီးရင်တောင် ပုခုံး ၊ လက်ပြင် ၊ ခါး ၊ ပေါင်နဲ့ လက်မောင်းတွေကိုပါ အကြောလျှော့ပေးသင့်ပါတယ်။