လူတိုင်းမှာ စိတ်ညစ်တဲ့အချိန်၊ Bad Mood ဝင်နေတဲ့အချိန်ဆိုတာ ရှိတတ်ကြတာပါပဲ။ တကယ်လို့ ကိုယ့်ချစ်သူက စိတ်အခြေအနေမကောင်းပဲ အကြောင်းအမျိုးမျိုးကြောင့် Bad Mood ဖြစ်နေတဲ့အချိန်မှာ သူ့စိတ်အခြေအနေ ပိုဆိုးသွားတာမျိုး မဖြစ်အောင် မလုပ်သင့်တဲ့ အရာ ၄ ခုကို ပြောပြပေးလိုက်ပါတယ်။

ပစ်မထားပါနဲ့

သူဖြစ်တာ ငါဖြစ်တာမှမဟုတ်တာ၊ ငါနဲ့မဆိုင်ဘူးဆိုပြီး ပစ်ထားတာမျိုး မလုပ်ပါနဲ့။ သူပြောတာတွေကိုနားထောင်ပြီး အားပေးပါ။ သူ့စိတ်ခံစားချက်ကို နားလည်ပေးလိုက်ပါ။ အတတ်နိုင်ဆုံးဘေးမှာနေပြီး အားပေးနှစ်သိမ့်ပေးပါ။ စိတ်သက်သာရာရအောင်၊ ပျော်ရွှင်အောင် ကူညီပေးပါ။

Negative ဆန်စွာနဲ့မတုံ့ပြန်ပါနဲ့

သူ့ခံစားချက်တွေကို နားလည်မပေးနိုင်ရင်တောင်မှ Negative ဆန်စွာနဲ့ မတုံ့ပြန်ပါနဲ့။ ငါ့ချစ်သူကတောင် ငါ့အပေါ်မှာ ဒီလိုတုံ့ပြန်တာပဲဆိုပြီး စိတ်အခြေအနေ ပိုဆိုးသွားနိုင်သလို ကိုယ့်ကိုစိတ်တိုဒေါသထွက်တာ၊ မဲတာမျိုးလည်း ဖြစ်တတ်ပါတယ်။

သင့်ခံစားချက်တွေကိုဦးစားမပေးပါနဲ့

သူများစိတ်ညစ်နေတဲ့အချိန်၊ စိတ်အခြေအနေမကောင်းတဲ့အချိန်မှာ ကိုယ့်ခံစားချက်တွေကို ဦးစားပေးပြီး ကိုယ်ဖြစ်ချင်တာတွေ ကိုယ်လုပ်ချင်တာတွေကိုပဲ ပြောနေတာမျိုး မလုပ်သင့်ပါဘူး။ ဒီလို Bad Mood ဝင်နေတဲ့သူက ကိုယ့်ချစ်သူ၊ ကိုယ့်သူငယ်ချင်း၊ ကိုယ့်မိသားစုဖြစ်နေတယ်ဆိုရင် ပိုတောင်မလုပ်သင့်ပါဘူး။

ထပ်ပြီးပြဿနာမရှာပါနဲ့

Bad Mood ဝင်နေတဲ့အချိန်မှာ ကိုယ့်ကိုဂရုမစိုက်မိတာမျိုး၊ ပစ်ထားသလို ဖြစ်နေတာမျိုးကို နားလည်ပေးလိုက်ပါ။ အဲ့တာတွေကိုပါထပ်ပြီး ပြဿနာရှာတာမျိုး၊ ကိုယ့်ရဲ့စိတ်တိုင်းမကျမှုတွေကို ပြဿနာရှာမိတာမျိုးတွေ မဖြစ်ပါစေနဲ့။ သူ့ရဲ့စိတ်အခြေအနေ ပိုဆိုးသွားပါလိမ့်မယ်။ ဒါ့အပြင် ကိုယ်နဲ့လည်း ရန်ဖြစ်စကားများရတဲ့ အခြေအနေက ပိုဆိုးသွားတာ၊ ပုံမှန်ထက်ပိုပြီး အကြီးအကျယ် ရန်ဖြစ်စကားများကြတာမျိုးတွေအထိ ဖြစ်သွားတတ်ပါတယ်။