ရည်းစားအသစ်ရသွားလို့ Relationship အသစ်တစ်ခုကို စတင်တည်ဆောက်နေတဲ့အချိန်မှာ ဒီအရာတွေကိုမလုပ်တာက ကိုယ့်အတွက်ရော၊ ကိုယ်ရဲ့ Relationship အတွက်ရော ပိုကောင်းပါတယ်။

အရာရာလိုက်မချုပ်ချယ်ပါနဲ့

စတွဲခါစမှာ အရာရာကိုလိုက်ပြောပြီး ချုပ်ချယ်နေတာမျိုးက လုံးဝမလုပ်သင့်ပါဘူး။ အစပိုင်းမှာတင်ပဲ စိတ်ကုန်သွားတာမျိုး ဖြစ်တတ်ပါတယ်။ စတွဲခါစဆို သိပ်ပြီး သံယောဇဉ်မတွယ်သေးတဲ့အတွက် လိုက်ချုပ်ချယ်ရင် ခိုးလုပ်တာမျိုးတွေပါ ရှိလာနိုင်တဲ့အတွက် ကိုယ်ပဲပိုပြီး စိတ်ဆင်းရဲရပါတယ်။ ဒါကြောင့် စတွဲခါစ Relationship အသစ်မှာတော့ စိတ်ကိုပေါ့ပေါ့ပါးပါးပဲ့ထားပါ။

သူငယ်ချင်းတွေနဲ့အပြင်မသွားခိုင်းတာမျိုးမလုပ်ပါနဲ့

အရမ်းချုပ်ချယ်တတ်တဲ့သူအများစုက ကိုယ့်ရည်းစားကို သူငယ်ချင်းတွေနဲ့ အပြင်သွားရင်တောင် မကြိုက်တာမျိုးတွေ ရှိပါတယ်။ စတွဲခါစမှမဟုတ်ပါဘူး တွဲတာကြာနေတဲ့အတွဲတွေမှာတောင် သူငယ်ချင်းနဲ့ အပြင်မသွားခိုင်းတာမျိုးတွေလုပ်ရင် ပြဿနာတက်ကြတာပါပဲ။ control လုပ်တာမျိုး လုံးဝမကြိုက်တဲ့သူကို စတွဲကတည်းက အဲ့လိုပြောမိရင်တော့ ဒီ Relationship က ကြာရှည်မခံဖို့ ရာခိုင်နှုန်းပိုများပါတယ်။

ကိုယ့်ကိုယ်ကိုပြောင်းလဲပစ်တာမျိုးမလုပ်ပါနဲ့

စတွဲခါစမှာကတည်းက အရာရာကိုဘာမှမမြင်တော့ပဲ အရမ်းစိတ်နှစ်ပစ်လိုက်ပြီး သူ့အတွက်နဲ့ ကိုယ့်ဖြစ်တည်မှုတွေ၊ ကိုယ့်ပုံစံတွေကအစ လိုက်ပြောင်းလဲပစ်တာမျိုး လုံးဝမလုပ်သင့်ပါဘူး။ ကိုယ့်ပုံစံလေးအတိုင်းပဲ ဆက်နေပါ။ ကိုယ့်ကိုယ်ကို အတင်းလုပ်ယူပြီး ပြောင်းလဲလိုက်ရင် ကိုယ်ပဲစိတ်ပင်ပန်းရပါတယ်။

သိချင်စိတ်မများပါနဲ့

အခုမှစတဲ့ Relationship အသစ်မှာ အရာရာကိုသိချင်စိတ်များပြီး လိုက်မေးတာမျိုးတွေ မလုပ်သင့်ပါဘူး။ တစ်ဖက်လူက ပြောပြလာတာကိုပဲ နားထောင်ပြီး အရာရာကို ဖြေးဖြေးချင်းစီ ကိုယ်သိလာရမှာပါ။ မေးသင့်လားမသိ၊ ပြောသင့်လားမသိပဲ စတွဲခါစမှာတည်းက အရာရာကိုလိုက်မေးနေတာတွေက တစ်ဖက်လူအတွက်လည်း စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။