ကိုယ့်ကို ရက်ရက်စက်စက်ထားခဲ့တဲ့သူကို ရအောင်မေ့ပစ်ရမှာ ကျန်ခဲ့တဲ့ကိုယ့်တာဝန်ပါပဲ။ ဘယ်လောက်ချစ်ချစ် ဆက်ပြီး ဖက်တွယ်မနေပါနဲ့။ မာနထားပြီး ကြိုးစားမေ့ပစ်လိုက်ပါ။ အချိန်တန်လို့ မေ့နိုင်သွားတဲ့အချိန်မှာ ကိုယ်ရူးမိုက်ခဲ့တာတွေက ဘာမှမဟုတ်တဲ့ရယ်စရာလေးတွေ ဖြစ်သွား ပါလိမ့်မယ်။ ဒီလို မမေ့နိုင်သေးတဲ့ အချိန်မျိုးမှာ ကိုယ့်ကိုထားခဲ့တဲ့သူအပေါ် ဒီအချက်တွေကိုတော့ ဆက်ပြီး မပြုလုပ်မိအောင် ဆင်ခြင်ဖို့ လိုပါတယ်။

ဆက်သွယ်ဖို့မကြိုးစားပါနဲ့တော့

ကိုယ့်ကိုတောင် ရက်ရက်စက်စက်ထားခဲ့တဲ့သူကို အောက်ကျခံပြီး ဆက်သွယ်ဖို့မကြိုးစားပါနဲ့။ ဖုန်းတွေဆက်နေတာမျိုး၊ မက်ဆေ့ချ်တွေပို့နေတာမျိုး၊ သူငယ်ချင်းတွေကနေတစ်ဆင့် အကူအညီတောင်းပြီး ဆက်သွယ်ခိုင်းတာမျိုးတွေ လုံးဝမလုပ်ပါနဲ့။

စကားသွားပြောတာမျိုးမလုပ်ပါနဲ့

မမေ့နိုင်လို့ စကားသွားပြေတာမျိုး၊ တောင်းပန်တာမျိုးတွေ မလုပ်ပါနဲ့။ စိတ်ထဲရှိတဲ့အတိုင်း ဝမ်းနည်းလိုက်ပါ။ ငိုချလိုက်ပါ။ ၃ ရက်လောက်ကြာရင်တော့ မေ့နိုင်ဖို့ စကြိုးစားပါတော့။

အချိန်တိုင်းတွေးနေတာမျိုးမလုပ်ပါနဲ့

သူ့အကြောင်းတွေ၊ ကိုယ့်ကိုထားခဲ့တဲ့အကြောင်းတွေကို အချိန်တိုင်းတွေးမနေပါနဲ့။ တွေးနေရင် ပိုဝမ်းနည်းရုံပဲရှိမှာပါ။ သူလည်း ပြန်လာတော့မှာမှ မဟုတ်တာ။ ဒီတော့ တွေးချိန်မရှိအောင်သာ အလုပ်တွေလုပ်နေလိုက်ပါ။

အမှတ်တရတွေကို ပြန်အစမဖော်ပါနဲ့

သူ့နဲ့ပတ်သက်တဲ့ အမှတ်တရတွေကို ပြန်မှတ်မိအောင် အစမဖော်လိုက်ပါနဲ့။ ဖျက်ဆီးပစ်ပါ။ ဒါမှ ကိုယ်မေ့နိုင်မှာပါ။ သတိရလို့ သူနဲ့သွားခဲ့ဖူးတဲ့နေရာတွေ ကို ပြန်သွားတာမျိုး၊ သူနဲ့လုပ်ခဲ့ဖူးတဲ့ အမှတ်တရတွေကို ပြန်လုပ်ကြည့်နေတာမျိုး၊ ပြောခဲ့တဲ့ မက်ဆေ့ချ်တွေ၊ Chat ခဲ့တာတွေကို ပြန်ဖတ်တာမျိုး၊ ဓာတ်ပုံတွေကို ပြန်ကြည့်တာမျိုး လုံးဝမလုပ်ပါနဲ့။

Photo Source: www.freepik.com