ကိုယ့်ချစ်သူကို ချစ်လို့ သဝန်တိုတယ်ဆိုတာမျိုးကတော့ အတွဲတိုင်းမှာ ရှိတာပါပဲ။ ဒါပေမယ့် ကိုယ်ရထားတဲ့ချစ်သူက အရမ်းသဝန်တိုတတ်လွန်းတဲ့သူ ဆိုရင်တော့ သင့်အနေနဲ့ ဒီအချက် ၄ ချက်ကို သိထားသင့်ပါတယ်။

နားလည်ပေးပါ

အရေးအကြီးဆုံးကတော့ အရမ်းသဝန်တိုတတ်တဲ့ ချစ်သူကိုရထားပြီဆိုရင် နားလည်ပေးဖို့လိုပါတယ်။ သူသဝန်တိုတိုင်း နားမလည်ပေးပဲ စိတ်တိုဒေါသထွက် အပြစ်တင်နေရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ ဒီတော့ သဝန်တိုတာက ကိုယ့်ကိုချစ်လို့ဆိုတာကို နားလည်ပေးပြီး စိတ်ရှုပ်စရာလို့ မမြင်ပါနဲ့။

နားလည်အောင်ရှင်းပြထားပါ

ကိုယ့်ချစ်သူက အရမ်းသဝန်တိုတတ်ရင် သူနားလည်အောင် ရှင်းပြထားပါ။ ပြောပြထားပါ။ ကိုယ်နဲ့ပတ်သက်ရတဲ့ ယောင်္ကျားလေး မိန်းကလေးတွေကို ပွင့်ပွင့်လင်းလင်း ပြောပြထားပြီး သူငယ်ချင်းဆိုလည်း တစ်ခါတည်း မိတ်ဆက်ပေးထားပါ။ ဘာကြောင့် ဒီလိုဆိုတာမျိုးတွေကို သူနားလည်အောင် ပြောပြထားရင်တော့ အထင်လွဲတာမျိုးတွေ၊ သဝန်တိုတာမျိုးတွေလည်း နည်းနည်းတော့ လျော့သွားမှာပါ။

ဆင်ခြင်ပေးလိုက်ပါ

သူမကြိုက်ဘူးဆိုတာမျိုးတွေ၊ သူသဝန်တိုတတ်တာမျိုးတွေကို မလုပ်မိအောင် ဆင်ခြင်ပေးလိုက်ပါ။ သူ့ဘက်ကပြောထားရက်နဲ့ ကိုယ်ကလုပ်မိရင် ပြဿနာက ပိုကြီးသွားပါလိမ့်မယ်။ ကိုယ်မသိလို့ လုပ်မိတာမျိုးဆိုရင်လည်း သူမကြိုက်ဘူး၊ သဝန်တိုတယ်လို့ပြောလာရင် နောက်မလုပ်မိအောင် နေပေးလိုက်ရင် အဲ့လိုကိစ္စတွေနဲ့ ပတ်သက်ပြီး ပြဿနာတတ်တာမျိုး၊ ရန်ဖြစ်တာမျိုးတွေလည်း နည်းသွားပါလိမ့်မယ်။

မကြိုက်တာတွေအရွ့ဲတိုက်ပြီးမလုပ်ပါနဲ့

အကြောင်းအမျိုးမျိုးကြောင့် ချစ်သူနဲ့ရန်ဖြစ်စိတ်ကောက်နေချိန်၊ သူ့ကိုစိတ်ဆိုးနေတဲ့အချိန်တွေမှာ သူမကြိုက်တာတွေ တမင်ရွေးလုပ်ပြီး သူသဝန်တိုတာတွေကို လုပ်ပြမယ်ဆိုရင်တော့ အရမ်းမှားသွားပါလိမ့်မယ်။ သင့်ချစ်သူက အရမ်းသဝန်တိုတတ်တဲ့သူဆိုတော့ ဒါမျိုးတွေလုပ်လိုက်ရင် သူ့ဘက်က သည်းမခံနိုင်ပဲ ပြဿနာတွေပိုကြီးသွားတာမျိုး လမ်းခွဲမယ်ဆိုတာမျိုးတွေအထိ ဖြစ်လာနိုင်ပါတယ်။