Relationship တစ်ခုမှာ stress နည်းတယ်၊ များတယ်ဆိုတာ ကိုယ့်စိတ်နဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ နေတတ်ရင်တော့ stress နည်းမှာဖြစ်ပြီး မနေတတ်ရင်တော့ ကိုယ့်စိတ်နဲ့ကိုယ် ပိုစိတ်ဆင်းရဲနေရမှာပါ။ ဒါကြောင့် relationship တစ်ခုမှာ stress နည်းအောင်နေနိုင်မယ့် နည်းလမ်းကို ပြောပြပေးလိုက်ပါတယ်။

Overthinking မဖြစ်ပါစေနဲ့

အရမ်းတွေးလွန်းပြီး Overthinking ဖြစ်နေရင် ကိုယ့်အတွေးနဲ့ကိုယ် စိတ်ဖိစီးနေရပါတယ်။ တစ်ခုချင်းစီ လိုက်တွေးပြီးခံစားနေရင်တော့ ကိုယ့်ဒုက္ခကိုယ်ရှာသလိုပဲ ဖြစ်နေမှာပါ။ ဒါကြောင့် စိတ်ဖိစီးမ နည်းချင်ရင် အရမ်းမတွေးပါနဲ့။ တွေးလွန်းရင် အမြဲပူလောင်ပြီး ခံစားနေရပါလိမ့်မယ်။

သံသယစိတ်တွေမများပါနဲ့

သံသယစိတ်များတဲ့သူက တစ်ဖက်လူဘာမှမလုပ်ရင်တောင်မှ ကိုယ့်အတွေးနဲ့ကိုယ် ပူလောင်နေရတတ်ပါတယ်။ ကိုယ့်ရည်းစားက ပွေနေရှုပ်နေလို့ မယုံတာမျိုးဆိုရင်တော့ ဖြစ်သင့်ပါတယ်။ အဲ့လိုမဟုတ်ပဲ ဘာမှမလုပ်တာကို ကိုယ့်အတွေးနဲ့ကိုယ် မယုံကြည်နိုင်ဖြစ်ပြီး အမြဲတမ်းသံသယများနေတာကတော့ ကိုယ်ပဲစိတ်ဖိစီးရတာမို့ ဒီအကျင့်ကို ဆင်ခြင်သင့်ပါတယ်။

ကိုယ့်စိတ်တိုင်းကျဖြစ်ဖို့မကြိုးစားပါနဲ့

အဆိုးဆုံးကတော့ ကိုယ်နဲ့တွဲတဲ့သူကို ကိုယ့်စိတ်တိုင်းကျ နေခိုင်းပြီး အမျိုးမျိုးချုပ်ချယ်ကာ ကိုယ်လိုချင်တဲ့ပုံစံမျိုးရအောင် လုပ်ယူတာပါပဲ။ ဒီလိုလုပ်တာက ကိုယ်တိုင်လည်း စိတ်ဖိစီးရသလို တစ်ဖက်လူကလည်း ကြာလာမွန်းကြပ်လာပြီး ထွက်သွားနိုင်ပါတယ်။ ဒီလိုဆိုရင် ကိုယ့်ရဲ့ Relationship က ပျက်စီးသွားဖို့ပဲ ရှိပါတော့တယ်။

အရမ်းသဝန်တိုပြီးမချုပ်ချယ်ပါနဲ့

ကိုယ့်ရည်းစားကို သဝန်တိုတာမှန်ပေမယ့် လိုတာထက်ပိုပြီး အရမ်းသဝန်တိုကာ ချုပ်ချယ်လွန်းရင် ကိုယ်လည်း စိတ်ဖိစီးပြီး ပင်ပန်းရသလို တစ်ဖက်လူကလည်း မွန်းကြပ်လာမယ်၊ စိတ်ညစ်လာပါမယ်။ ဒါကြောင့် ဒီအချက်ကိုလည်း ဆင်ခြင်သင့်ပါတယ်။