အသက်ငယ်တုန်းမှာ ဘာမှမစဉ်းစားပဲ လုပ်ချင်တာလုပ်၊ နေချင်သလိုနေခဲ့တာ၊ ကလေးဆန်တဲ့စိတ်နဲ့ ခံစားခဲ့တာ၊ ဖြစ်ပျက်ခဲ့တာတွေက အသက်အရွယ်တစ်ခုရောက်လာတဲ့အခါကျမှ အမြဲပြန်တွေးပြီး နောင်တရတတ်ပါတယ်။ တော်တော်များများကတော့ အသက် ၂၅ ကျော်လာရင် ဒီလိုခံစားမှုမျိုး ဖြစ်လာပါတယ်။ ဒါကြောင့် ကိုယ့်အနေနဲ့ အသက် ၂၅ မကျော်သေးဘူးဆိုရင် ပြင်ဆင်လို့ရအောင်၊ ဆင်ခြင်လို့ရအောင် အသက် ၂၅ ကျော်လာရင် ရလာမယ့် နောင်တ ၄ မျိုးကို ပြောပြပေးလိုက်ပါတယ်။

အချစ်ကြောင့်မိုက်ရူးရဲဆန်ခဲ့တာ

အသက်ငယ်တုန်းမှာတော့ လူတိုင်းလိုလို အချစ်ကြောင့် မိုက်ရူးရဲဆန်ခဲ့ကြတာ များပါတယ်။ ကလေးအတွေးနဲ့ ထင်ရာစိုင်းခဲ့တာတွေ၊ သူကလွဲပြီး ဘယ်သူ့ကိုမှ ထပ်မချစ်နိုင်တော့လို့၊ ထပ်မရှိတော့လို့ ငိုယိုပြီး အောက်ကျခံခဲ့တာ၊ ခံစားခဲ့တာတွေက အသက်အရွယ်တစ်ခုရောက်လာရင် ပြန်စဉ်းစားမိပြီး နောင်တရတတ်ပါတယ်။ ရယ်စရာလည်း ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် လက်လွှတ်သင့်ရင် လက်လွှတ်လိုက်ပါ။ ကိုယ့်အတွက် အကောင်းဆုံး၊ အဆင်အပြေဆုံးသူက တစ်ချိန်တော့ ရောက်လာမှာပါပဲ။

အတတ်ပညာတက်မြောက်အောင်သေချာမလုပ်ခဲ့မိတာ

အတတ်ပညာတစ်ခုခုကို သေချာတက်မြောက်အောင် မတက်ခဲ့မိရင် အသက် ၂၅ ကျော်လာတဲ့အခါမှာ ဘာမှ ဖြစ်မြောက်တာမရှိလို့ စိတ်ညစ်ရပါမယ်။ သူများထက် နောက်ကောက်ကျန်ခဲ့လို့ ငါမတက်ခဲ့မိတာ၊ ရအောင်မလုပ်ခဲ့မိတာဆိုပြီး နောင်တရလာပါလိမ့်မယ်။ အခုခေတ်မှာ ဘွဲ့တစ်ခုထဲရရုံနဲ့ အဆင်မပြေပါဘူး။ ဒါကြောင့် ကိုယ့်လမ်းကြောင်းကို ကိုယ်တိုင်သေချာရွေးပြီး လုပ်ပါ။

ငွေမစုဆောင်းမိခဲ့တာ

ငယ်တုန်းမှာတော့ ရှာလည်း ရှာသလောက်သုံး၊ ငွေမစုခဲ့ရင် အသက် ၂၅ ကျော်လာတဲ့အခါ စုဆောင်းထားတာ ဘာမှမရှိလို့၊ လုပ်ငန်းလေးတစ်ခုလုပ်ချင်ရင်၊ ရင်းနှီးမြှုပ်နှံချင်ရင်တောင် စုဆောင်းထားတဲ့ ငွေမရှိလို့၊ နောင်တရပါလိမ့်မယ်။ ဒါကြောင့် ရှာနိုင်သလောက် အမြဲစုဆောင်းတတ်တဲ့အကျင့် လုပ်ပါ။

အလုပ်မရှာခဲ့မိတာ

အသက်ငယ်တုန်းမှာ အလုပ်မရှာ၊ အလုပ်မလုပ်ခဲ့မိရင် အသက် ၂၅ ကျော်လာတဲ့အခါ သူများနောက် သေချာပေါက် ကျန်ခဲ့ပါလိမ့်မယ်။ အလုပ်လုပ်ပြီဆို experience လိုတဲ့အတွက် ၂၀ လောက်ထဲက လုပ်ထားမှသာ အသက် ၂၅ ကျော်လာရင် ပိုကောင်းတဲ့နေရာတစ်ခုကို ရလာမှာပါ။ မဟုတ်ရင် အသက် ၂၅ ကျော်မှ experience လည်းမရှိ၊ အသက်အရွယ်ကလည်း စကားပြောလာတာမျိုးကြောင့် နောင်တရပါလိမ့်မယ်။

photo source: www.freepik.com