ဘယ်သူမှမရှိလည်း ကိုယ်တစ်ယောက်ထဲ ပျော်အောင်နေတတ်ဖို့ လိုပါတယ်။ အပေါင်းအသင်းတွေနဲ့ အမြဲနေနေကျသူတွေအတွက်ကျတော့ ခက်ခဲပါလိမ့်မယ်။ ဒါပေမယ့် တစ်ယောက်ထဲလည်း ပျော်အောင်နေတတ်ဖို့ လိုက်နာရမယ့်အချက် (၄) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

စိတ်နှစ်ပြီး မပေါင်းပါနဲ့။

Source: www.lifehacks.io

အပေါ်ယံခင်ရမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ကိုယ့်အပေါ်ကောင်းတဲ့သူ၊ ကိုယ့်သူငယ်ချင်းတွေဆိုရင် စိတ်ရင်းနဲ့ပြန်ခင်ပါ။ ဒါပေမယ့် စိတ်နှစ်ပြီးတော့မပေါင်းပါနဲ့။ လူတစ်ယောက်အပေါ်ကို စိတ်နှစ်ထားလိုက်ရင် သူတို့တစ်ခုခုလုပ်တိုင်း ကိုယ်စိတ်မကောင်းဖြစ်ရပါတယ်။ သူတို့မရှိတဲ့အချိန် ကိုယ်တစ်ယောက်ထဲနေရင်လည်း နာကျင်ရပါတယ်။ ဒါကြောင့်  ဘယ်အရာကိုပဲဖြစ်ဖြစ် စိတ်နှစ်မထားပါနဲ့။

စိတ်ညစ်စရာတွေမတွေးပါနဲ့။

Source: www.shutterstock.com

စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေကို ခေါင်းထဲထည့်ပြီး တွေးနေတတ်တဲ့သူဟာ ဘယ်တော့မှပျော်ရွှင်ရမှာမဟုတ်ပါဘူး။ အမြဲတမ်းပျော်အောင်နေပြီး ပျော်စရာတွေကိုပဲတွေးနေပါ။ အမြဲတမ်းပျော်ပျော်နေတတ်တဲ့သူတစ်ယောက်ဟာ တစ်ယောက်ထဲနေရင်လည်း အားငယ်စိတ်တွေ၊ ဝမ်းနည်းတာတွေ လုံးဝမဖြစ်ပါဘူး။

သူများကိုအားမကိုးပါနဲ့။

Source: www.orami.co.th

သူများကိုအားကိုးတာများလာရင် ကိုယ်တစ်ယောက်ထဲ ဘာမှမလုပ်တတ်တော့ပါဘူး။ ကိုယ်တစ်ယောက်ထဲလည်း ဘာမှမလုပ်နိုင်ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် တစ်ခုခုဆို ဘာကိုပဲလုပ်လုပ် ကိုယ်တစ်ယောက်ထဲပဲလုပ်ပါ။ ကိုယ်တိုင်လုပ်ရဲအောင် အကျင့်ဖြစ်အောင်လုပ်သွားရင် တစ်ယောက်ထဲနေသားကျသွားမှာပါ။

တစ်ယောက်ထဲသွားတတ်အောင် လုပ်ပါ။

Source: www.blogs.dw.com

တချို့ဆိုရင် ဘယ်ကိုပဲသွားသွား အဖော်တစ်ယောက်ယောက်နဲ့မှ  သွားရဲလာရဲကြတယ်။ အမြဲတမ်း ဘယ်သွားသွား တစ်ယောက်ထဲမသွားချင်လို့ဆိုပြီး လိုက်ခေါ်နေရင် ကြာလာတဲ့အခါ တစ်ယောက်ထဲမသွားချင်ရာကနေ တစ်ယောက်ထဲမသွားရဲတော့ပဲ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် တစ်နေရာရာသွားတော့မယ်ဆိုရင် အဖော်လိုက်စပ်မနေပါနဲ့။ ကိုယ့်ကိစ္စကိုယ်တိုင်လုပ်ပြီး ကိုယ်တစ်ယောက်ထဲပဲ သွားပါ။ ဒီလိုသာအကျင့်လုပ်ထားလိုက်ရင် ဘယ်သူမှမရှိလဲ ကိုယ်တစ်ယောက်ထဲနေတတ်သွားပါလိမ့်မယ်။