Relationship တစ်ခုကို ကြာရှည်ခိုင်မြဲစေဖို့ဆိုရင်တော့ ဒီအချက် ၄ ချက်က အဓိကလိုအပ်ပါတယ်။ မဟုတ်ရင်တော့ ဘယ်လောက်ပဲချစ်နေပါစေ ရေရှည်အတွက် အဆင်ပြေမှာ မဟုတ်ပါဘူး။ ခဏခဏရန်ဖြစ်စကားများရင်းနဲ့ စိတ်ကုန်လာတာ၊ ပြတ်စဲသွားတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက်နားလည်မှုရှိဖို့

Relationship တစ်ခုမှာ အရေးအကြီးဆုံးက တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိဖို့ပါပဲ။ နားလည်မှုမရှိရင် ဘယ်လောက်ပဲချစ်ချစ်၊ ဘယ်လောက်ပဲ သစ္စာရှိရှိ အဆင်မပြေပါဘူး။ ခဏခဏ ပြဿနာတွေဖြစ်လိုက်၊ ရန်ဖြစ်စကားများလိုက်နဲ့ပဲ အချိန်တွေကုန်နေမှာပါ။

သစ္စာရှိဖို့

သစ္စာမရှိတဲ့သူနဲ့ ဆက်ပြီးလက်တွဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အရမ်းချစ်လို့ ပထမတစ်ကြိမ် ခွင့်လွှတ်လိုက်ရင်တောင်မှ နောက်တစ်ကြိမ် ပြန်မဖြစ်ဘူးဆိုတာ မပြောနိုင်ပါဘူး။ သစ္စာဖောက်ခံရတဲ့သူကလည်း စိုးရိမ်မှုတွေ၊ သံသယစိတ်တွေနဲ့ ရှေ့ဆက်နေရမှာပါ။ ပျော်ရွှင်ရတာထက် စိုးရိမ်ပူပန်နေရတာက ပိုများပြီး မပျော်ရွှင်နိုင်တော့ပါဘူး။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိမှ ခိုင်မြဲတဲ့ Relationship ကို တည်ဆောက်နိုင်မှာပါ။

ဂရုစိုက်ဖို့

မိန်းကလေးပဲဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲဖြစ်ဖြစ် ကိုယ့်ချစ်သူဆီက ဂရုစိုက်မှုကို လိုချင်ပါတယ်။ ချစ်တာကို ထုတ်မပြတတ်ဘူး၊ ဂရုမစိုက်တတ်ဘူးဆိုတာ မရှိပါဘူး။ ချစ်ရင် သူ့အလိုလို ဂရုစိုက်ကြင်နာတာတွေက ဖြစ်လာတာပါ။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အသေးအမွှားလေးကအစ အပြန်အလှန်ဂရုစိုက်ပြီး ကြင်နာပေးပါ။

တစ်ယောက်နဲ့တစ်ယောက်အချိန်ပေးဖို့

တစ်ယောက်နဲ့တစ်ယောက်လည်းချစ်တယ်၊ သစ္စာလည်းရှိတယ် ဒါပေမယ့် အချိန်မပေးနိုင်ဘူးဆိုရင် ကြာလာတဲ့အခါ အထီးကျန်တာတွေ ဖြစ်လာပြီးတော့ အဆင်မပြေဖြစ်တတ်ပါတယ်။ ဒါကြောင့် ဘယ်လောက်ပဲ အလုပ်များနေပါစေ ကိုယ့်ချစ်သူကို အချိန်ပေးနိုင်အောင် ကြိုးစားပါ။ နှစ်ယောက်တွေ့တုန်းလေး ချစ်ခင်ကြင်နာပြီး ပျော်စရာအချိန်တွေ ဖန်တီးပြီး နေမယ်ဆိုရင် အဆင်ပြေတဲ့ Relationship ဖြစ်လာမှာပါ။