ကိုယ့်ဘက်ကအရမ်းချစ်ခဲ့ရင် လမ်းခွဲထားတာ အချိန်ဘယ်လောက်ကြာကြာ မမေ့နိုင်ပါဘူး။ မေ့ပစ်ဖို့အရမ်းခက်ပြီး နာကျင်ရပါတယ်။ စိတ်သက်သာရာရပြီး Move On လုပ်နိုင်လာရင်တောင်မှ တစ်ခါတစ်လေကျရင် သတိရတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရည်းစားဟောင်းကို သတိရလာတဲ့အခါမှာ ကိုယ့်အတွက် စိတ်သက်သာရာရအောင် ဒီအရာ ၄ ခုကို လုပ်ကြည့်ပါ။

သူငယ်ချင်းနဲ့စကားပြောပါ

တစ်ယောက်တည်းမနေပဲ သူငယ်ချင်းတွေကို ရင်ဖွင့်လိုက်တဲ့အခါ၊ သူငယ်ချင်းတွေနဲ့ စကားပြောလိုက်တဲ့အခါမှာ စိတ်သက်သာရာ နည်းနည်းရစေပါတယ်။ အပြင်မှာတွေ့ဖို့လွယ်ရင် အပြင်မှာတွေ့ပြီး စကားပြောကြပါ။ ဒါဆိုရင် ပိုပြီး စိတ်သက်သာရာ ရစေမှာပါ။

အပြင်သွားပါ

အပြင်လျှောက်သွားပြီး စားသောက်တာ၊ အပေါင်းအသင်းနဲ့ ဒိတ်လုပ်ပြီး ပျော်ရွှင်လိုက်ရင် စိတ်သက်သာရာရပြီး သတိရတဲ့စိတ်တွေလည်း လျော့ကျသွားပါလိမ့်မယ်။ လုံးဝမေ့ပျောက်သွားတာမျိုး မဟုတ်ရင်တောင်မှ မေ့နိုင်နေတဲ့အချိန်ခဏမှာတော့ ကိုယ့်စိတ်သက်သာရာရပြီး နေရတာ အဆင်ပြေသွားပါတယ်။

ရုပ်ရှင်ကြည့်ပါ

ဘယ်မှမသွားဖြစ်ရင်လည်း အိပ်ယာထဲခွေခေါက်နေတာ၊ တွေးနေတာမျိုးတွေ မလုပ်ပါနဲ့။ သီချင်းလည်းနားမထောင်ပါနဲ့။ လူတွေက သီချင်းကို ခံစားချက်ပေါ်မူတည်ပြီး နားထောင်ကြတာဖြစ်လို့ ရည်းစားဟောင်းကို သတိရတဲ့အချိန်ဆို အသည်းကွဲသီချင်းတွေကို ပိုနားထောင်ဖြစ်ပါတယ်။ ဒါဆိုရင် ပိုပြီးဝမ်းနည်းနာကျင်ဖို့ပဲ ရှိပါတော့တယ်။ ဒါကြောင့် ရုပ်ရှင်ပဲကြည့်ပါ။ ရယ်စရာ Video အတိုလေးတွေ ကြည့်ပေးပါ။

ခရီးထွက်ပါ

ရည်းစားဟောင်းကို သတိရတဲ့စိတ်ကြောင့် အဆင်မပြေဖြစ်တာတွေက တစ်ရက်နှစ်ရက် မဟုတ်တော့ပဲ အဲ့ထက်ပိုလာပြီဆိုရင် အချိန်ရရင် ခရီးထွက်လိုက်ပါ။ အချိန်သိပ်မရရင် နီးနီးနားနား အပန်းဖြေခရီး Short Trip လေးဖြစ်ဖြစ်၊ နေ့ချင်းပြန်ခရီးဖြစ်ဖြစ် သွားကြည့်လိုက်ပါ။ စိတ်သက်သာရာ ရစေပါတယ်။