ကျန်းမာရေးပိုကောင်းလာအောင် ကိုယ်တိုင်ပဲ ဂရုစိုက်ရမှာပါ။ အရင်ထက်ပိုပြီး ကျန်းမာရေးကောင်းလာဖို့အတွက် ဒီတိုင်းဘာမှမလုပ်ပဲနေလို့တော့ မရပါဘူး။ ဒီအရာ ၄ ခုကိုတော့ အမြဲဂရုတစိုက်နဲ့ လုပ်ပေးရပါမယ်။

အစားအသောက်

ကျန်းမာရေးပိုကောင်းလာစေဖို့ အစားအသောက်က အရမ်းကိုအရေးကြီးပါတယ်။ Healthy diet, balanced diet ဖြစ်ဖို့လိုပါတယ်။ အမျှင်ဓာတ်များတဲ့ အစားအသောက်တွေ၊ ပရိုတင်းဓာတ်ကြွယ်ဝတာတွေ များများစားပါ။ သကြားနဲ့ဆား လျှော့စားပါ။ Healthy fats ရဖို့ဆိုရင် ငါး၊ အစေ့အဆံတွေနဲ့ ထောပတ်သီးစားပါ။ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်စတဲ့ အစိမ်းရောင်ရှိ အသီးအရွက်တွေ များများစားပါ။ အဆီအစိမ့်တွေလျှော့စားပြီး အသီးအနှံတွေ များများစားပါ။ မနက်စာ breakfast ကို လုံးဝအလွတ်မခံပါနဲ့။ မနက်စာကို ပရိုတင်းဓာတ်ကြွယ်ဝတာ၊ အာဟာရရှိတာ စားပေးပါ။ တတ်နိုင်ရင် ကိုယ့်ရဲ့ အစားအသောက် plan ကို သေချာဆွဲပါ။

လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ လောက်အချိန်ပေးပြီး လေ့ကျင့်ခန်းလုပ်ပါ။ အသက်ကြီးကြီး၊ ငယ်ငယ် လေ့ကျင့်ခန်းလုပ်မှ ကျန်းမာရေးပိုကောင်းမှာပါ။ Gym ဆော့နေတဲ့သူဆိုရင်လည်း ပုံမှန် Gym ဆော့ပေးပါ။ Gym မဆော့တဲ့သူဆိုလည်း အိမ်မှာပဲ လေ့ကျင့်ခန်းတွေလုပ်ပေးပါ။ လေ့ကျင့်ခန်းလုပ်ဖို့ လုံးဝအဆင်မပြေတဲ့နေ့တွေမှာတောင် ပြေးတာ၊ လမ်းလျှောက်တာ အကြောလျှော့တာ စတဲ့ လွယ်ကူတာလောက်တော့ လုပ်ကိုလုပ်ပေးပါ။ မနက်အိပ်ယာနိုးတာနဲ့ အပြင်လေ၊ လေကောင်းလေသန့် ထွက်ရှူဖို့လည်း မမေ့ပါနဲ့။

ကြိုတင်ကာကွယ်ပါ

ရောဂါပိုးတွေ အလွယ်တကူမဝင်နိုင်အောင်၊ ရောဂါမဖြစ်အောင် ကိုယ့်ဘက်က ကြိုတင်ကာကွယ်တာမျိုး လုပ်ပေးပါ။ ဥပမာ – လက်ပုံမှန်ဆေးပါ။ သန့်ရှင်းမှုကို ဂရုစိုက်ပါ။ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ ရှောင်ပါ။ ဖြစ်နိုင်ရင် medical check-up ပုံမှန်လုပ်ပေးပါ။

စိတ်ဖိစီးမှုလျော့အောင်နေပါ

ဘယ်လောက်ပဲ ကျန်းမာနေပါစေ စိတ်ဖိစီးမှုတွေများနေရင်လည်း စိတ်ထောင်းကိုယ်ကြေ ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုတွေ အရမ်းများနေတဲ့အခါ ကျန်းမာရေးပါ ထိခိုက်လာပါလိမ့်မယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေရှိလာရင် ပျောက်အောင်၊ စိတ်ဖိစီးမှုတွေလျော့ကျသွားအောင် ကြိုးစားပေးပါ။ နောက်တစ်ခုအရေးကြီးတာကတော့ စိတ်ဖိစီးမှုဘယ်လောက်ရှိရှိ အစားကိုဝင်အောင်စားပြီး အိပ်ရေးဝအောင်အိပ်ပါ။

source:www.wikihow.com